Myaing News

0 0
Read Time:3 Minute, 48 Second

မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာအနီးရှိ PDF စခန်းနှင့် ကံသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ ပြည်သူ ၂၀ ခန့်ကို ဓားစာခံဖမ်းဆီး

 

D Day News

မေလ ၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ကံသစ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု နှင့် ကံသစ်ကျေးရွာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ပြီး ပြည်သူ ၂ ဦးကို ပစ်ခတ်သတ် ဖြတ် ကာ ပြည်သူ ၂၀ ခန့်ကို ဓားစာခံဖမ်းဆီးသွား ကြောင်း နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၈ ရက် နံနက် ၅ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာ သော အကြမ်းဖက်စစ်သားများသည် မြိုင်မြို့နယ်တောင်ပိုင်းရှိ ကံသစ်ကျေးရွာနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့စခန်းတို့ကို တပြိုင်တည်းဝင်ရောက်စီးနင်းကာ PDF စခန်းအတွင်းမှ ကား ၂ စီး၊ ခဲယမ်း ကျည်များစွာ နှင့် ငွေသား သိန်း ၈၀၀ ကျော်ကို ယူဆောင်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

“PDF စခန်းရော၊ ရွာထဲရော တပြိုင်တည်းဝင်စီးတာ။ PDF စခန်းထဲက ရဲဘော်တွေကတော့ လွတ် သွားတယ်။ ဒါပေမယ့် ခဲယမ်းတွေ ကျည်ဘောက်တွေ၊ စခန်းထဲမှာရှိတဲ့ ငွေသားသိန်း ၈၀၀ ကျော် လောက်ကတော့ ချက်ချင်းဝင်စီးခံရတဲ့အတွက် မယူနိုင်ပဲ မီးရှို့ခံရတဲ့အထဲပါသွားတယ်။ သတ်ခံ ရတဲ့ ပြည်သူ ၂ ယောက် ရွာထဲကို ညှပ်ဝင်တဲ့အခါမှာ သူတို့ပက်ပင်းတိုးသွားတာဗျ။ စစ်ကြောင်းက မနက် ၅ နာရီခွဲလောက်မှာ ဝင်တယ်။ ၁၂ နာရီမှာ ပြန်ထွက်သွားတယ်။ ဖမ်းဆီးခံရတဲ့အယောက် ၂၀ အခြေ အနေ‌တော့မကြားမိသေးဘူး။ စစ်ကြောင်းကတော့ ကန်တော်ရွာ စစ်တပ်အထိုင်ကို ရောက်သွားပြီဗျ။ ကံသစ်ကျေးရွာနဲ့ ၃ မိုင်းခွဲလောက်ဝေးတဲ့နေရာမှာပေါ့။” ဟု နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ကံသစ်ကျေးရွာနေ အသက် ၄၀ အရွယ် ဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦးတို့ကို ဖမ်းဆီး ကာ နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀ ခန့်ကို ဖမ်းဆီးကာ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွား ကြောင်း၊ ထို့အပြင် ဆိုင်ကယ် ၈ စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

 

ထို့သို့ လုပ်ဆောင်ပြီးနောက် ကံသစ်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကံသစ်ကျေးရွာနှင့် ကန်တော်ကျေးကြား တနေ ရာ ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းမှ ယူဆောင်သွားသည့် ကားနှစ်စီးကို လမ်း၌ ပစ်ထားခဲ့ကာ အကြမ်းဖက်စစ်သားများ တပ်စွဲထားသည့် ကန်တော်ကျေးရွာ စခန်းသို့ ဝင် ရောက်သွားကြောင်း သိရသည်။

 

“ကံသစ်ဆိုတာကလည်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာရှိတာ၊ တိုက်ပွဲမဖြစ်လိုက်ဘူး။ မနက် အစော ကြီး ဝေရီဝေလင်းမှာ ဝင်စီးခံရတာ။ ကင်းတွေလည်းချတာကတော့ ချထားတယ်၊ မနေ့ည ကတည်း က သတင်းရတော့ နည်းနည်းရှောင်ထားကြတယ်။ အဲဒီရွာတွေကလည်း အဝင်မခံရတာနဲ့ ပြီးတော့ လာနိုင်ဖို့က နည်းတယ်၊ ဒါပေမယ့် အခုကျတော့ ချက်ချင်းရောက်ချလာခဲ့တာ။” ဟု နွေဦးတော်လှန် ရေး -မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြးသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *