Mogoke News

0 0
Read Time:2 Minute, 27 Second

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တစ်စခန်းကို  စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

 

  • တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ထားသော်လည်း စစ်တပ်က ညီနောင်မဟာမိတ် တပ် စခန်းများကို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ဟု TNLA ပြော

 

D Day News

မေလ ၈

 

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ မန္တလေးတိုင်း၊ မိုကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

မေလ ၄ ရက် ည ၈ နာရီခန့်က မိုးကုတ်မြို့နယ်၊ ဖြူရောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၁၄၈ နှင့် ခလရ ၇၁ တပ်တို့က ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး ၄ လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သည့် ၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ယာယီအပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ အပစ်ရပ် ပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိသည့် နေရာများသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

 

လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာသုံးဆယ်ကျေးရွာက အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေ အိမ် ၂ လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *