Kyun Su News

0 0
Read Time:2 Minute, 20 Second

ကျွန်းစုမြို့နယ်၊ တဲတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကျော်မြင့် ပစ်ခတ်ခံရပြီးသေဆုံး၊ ၉ မမ ပစ္စတိုသေနတ်အပါအဝင်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

မေလ ၈

 

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ သဘောင်းတောင်ကျေးရွာနေ အုပ်ချုပ်ရေး မှူး၊ ပျူစောထီးခေါင်းဆောင်ကျော်မြင့်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ မီးသတ်တပ်ဖွဲ့ဝင်လည်းဖြစ်သူ ကျော် မြင့် ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ၊ အုပ်ချုပ်ရေးမှူး။ ပျူစောထီးခေါင်းဆောင်ကျော်မြင့်ထံမှ ၉ မမ ပစ္စတို သေနတ် ၁ လက်၊ ၉ မမ ကျည် ၂၅ တောင့်၊ လက်ထိပ် ၁ ခု၊ ငွေသား ၃ သိန်း၊ ဖုန်း ၁ လုံး ၊ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပေးထားသည့် အုပ်ချုပ်ရေးမှူးကဒ်ပြား၊ မှတ်ပုံတင်၊ မီးသတ်တပ်ဖွဲ့ဝင် ကဒ်ပြား၊ သက်သေခံ စာရွက်စာတန်းများနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ ၊ပျူစောထီးများ၊ ကျေးရွာတာဝန်ခံ(ရာအိမ်မှူး) များ အနေဖြင့် စစ်ကောင်စီ၏ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်မှုထမ်းမဲများ ကောက်ယူပေးနေခြင်း ၊ ပြည် သူများအား ခြိမ်းခြောက် စစ်မှုထမ်းကြေးများ တောင်းခံခြင်း ၊ ပြည်သူများအား ပုံစံအမျိုးမျိုးတို့ဖြင့် ခြိမ်းခြောက်အနိုင်ကျင့် ပြုမူနေခြင်းများ လုံးဝ(လုံးဝ)ရပ်တန်းကြရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာ ကွယ်ရေး အဖွဲ့မှ သတိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *