KNU News

0 0
Read Time:3 Minute, 43 Second

ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရ၊ မူကြိုကျောင်းတစ် ကျောင်းနှင့်နေအိမ် ၂ လုံးပျက်စီး

 

D Day News

မေလ ၈

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်နှင့်လယ်ဒိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပြီး မူကြိုကျောင်း တစ်ကျောင်းနှင့်နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မေလ ၁ ရက် နံနက် ၁၀ နာရီကျော်အချိန်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်၏ သံဆိပ်စခန်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ရာ သံဆိပ်မင်းလမ်း ကျောက်ကြီး ချောင်းနံဘေးနေ အသက် ၅၆ နှစ်အရွယ် ဒေါ်နုနုရီ၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မိုးစန္ဒာ၊ အသက် ၆၄ နှစ်အရွယ် ဦးထွန်းဝေ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရွှေကျင်မြို့မှ သံဆိပ်သို့ စစ်ကြောင်းထိုးလာသော ခမရ ၃၄၉ ပါ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ၂ ရင်းမှ စစ်သားများက ကဇင်းပင်ကျေးရွာ နေ အသက် ၄၅ နှစ်အရွယ် ဦးငမန်းနှင့် င်္ဂနီကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုစည်သူဖြိုးတို့ကို သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

 

မေလ ၅ ရက် မွန်းတည့် ၁၂ နာရီတွင် ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊လယ်ဒိုမြို့နယ်စီမံ အုပ်ချုပ်မှုနယ်မြေ၊ပိန်းဇလုပ်အခြေစိုက်အကြမ်းဖက်စစ်ကောင် စီ ၏ ခလရ-၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၈ လုံးအား ပစ်ခတ်ခဲ့ရာ ပဒဲကော ကျေးရွာနှင့် ဘောကထာ ကျေရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲပြီး မူကြိုကျောင်း ၁ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း၊ တစ်ချိန်တည်းမှာ ပင် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး ၃ လုံးနှင့် ၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ် ခဲ့ရာ ရေဖြူကန်ကျေးရွာ၊ နွားရေကျောင်းကျေးရွာ နှင့် ငါးဖယ်အင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၂ ရက်နေ့ ည ၉ နာရီ ၂၃ မိနစ်အချိန်တွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်း မှ ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကရင်ကျွန်းကြီးကျေးရွာနေ အသက် ၄၇ နှစ်အရွယ် နော်ဝါးဒူ ၊ အသက် ၈၉ နှစ်အရွယ် ဖီးစိန်ကြည် တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၇ ရက် ညနေ ၆ နာရီအချိန်ကလည်း ခလရ-၆၀ တပ်ရင်းမှ ၆၀ မမ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ကျောက်ခဲကြီးကျေးရွာ တောင်ဘက်သို့ကျ ရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဦးမင်းဇော် သေဆုံးကာ အသက် ၅၅ နှစ်အရွယ် ဦးမောင်အေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *