KNLA News

0 0
Read Time:3 Minute, 26 Second

တိုက်ပွဲများအတွင်းမှ သိမ်းဆည်းရရှိသော လက်နက် အပိုများ ရှိနေသဖြင့် တပ်သားသစ်များခေါ်ယူ

 

D Day News

မေလ ၈

 

ကရင်ပြည်နယ် တိုက်ပွဲများအတွင်းမှ သိမ်းဆည်းရရှိသော လက်နက်အပိုများရှိနေသဖြင့် တပ်သား သစ်များခေါ်ယူကာ အခြေခံစစ်ညာသင်တန်းတက်ရောက်ပြီးနောက် တပ်ဆင်ပေးသွားမည်ကြောင်း People’s Defense Force – TC တပ်ခွဲရုံးက ထံက သိရသည်။

 

ယခု မေလ မကုန်မီ သင်တန်းဖွင့်လှစ်နိုင်ရန် သင်တန်းသား ၁၀၀ ခေါ်ယူမည်ဖြစ်ပြီး လူမျိုးဘာသာ မ ရွေး၊ ကျား ၊မ မရွေး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားခေါ်ယူသွားမည်ဖြစ်ကြောင်း၊ တပ်သားသစ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ၂ နှစ်တာဝန်ထမ်းဆောင်နိုင်သူ၊ ကျန်းမာရေးအထူး ကောင်း မွန်သူ၊ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်သူ၊ စစ်ဆင်ရေး အချိန်များတွင် မိသားစု၊ ဆွေမျိုး၊ ချစ် ခင်ရသူများ နှင့် အဆက်အသွယ်ဖြတ်နိုင်သူများကို အဓိက ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်း အသိပေး ထားသည်။

“ယခုလမကုန်ခင် သင်တန်းစဖွင့်ပြီးတော့ မိုးတွင်းကို သင်တန်းကောင်းကောင်း သင်ကြားလေ့ကျင့် ပေးပြီးတော့ ဆောင်းဦးပေါက်ကျရင် ရှေ့တန်းကို ပို့ပေးနိုင်ပေါ့၊ ကျနော်တို့လည်း လူအများကြီးတော့ သင်တန်း မပေးနိုင်ဘူး၊ ငါးဆယ် တစ်ရာလောက်ပဲ။သင်ကြားလေ့ကျင့်တာကတော့ တကယ့်ဖိုက်တာ အဖြစ်၊ တိုက်ခိုက်ရေးသမားအဖြစ် သင်ကြားလေ့ကျင့်ပေးမှာပါ။ သင်တန်းခေါ်ရတဲ့ရည်ရွယ်ချက် က တော့ တိုက်ပွဲတွေကြားထဲမှာ ရတဲ့ခဲ့တဲ့ လက်နက်တွေလည်းရှိနေတော့ လက်နက်တွေကလည်း ပိုနေ တော့ အဲဒါကြောင့်မို့လို့ နိုင်သလောက်လေးနဲ့ သင်ကြားလေ့ကျင့်ပေးဖို့ပါ” ဟု  People’s Defense Force – TC တပ်ခွဲရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သင်တန်းတက်ရောက်လိုသူ လူငယ်များအနေဖြင့် –

 

https://www.facebook.com/PDF101TC

 

Page Messenger (or)

 

Telegram

t.me/hersig23

 

မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

 

ရွေးချယ်ခံရသူ တပ်သားသစ်များသည် KNU/KNLA ၏ လက်အောက်ခံ လှုပ်ရှားတပ်ရင်း တပ်ဖွဲ့ တစ် ခု အနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊စစ်လက် နက် ရိက္ခာများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက မဟာမိတ်တပ်ဖွဲ့များဖြင့်ပူးပေါင်း စစ် ရေး လှုပ်ရှား ရမည်ဖြစ်ပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် နိုင်ငံတော်၏ မည်သည့်နေရာဒေသ တွင်မဆိုသွားရောက်၍တာ၀န်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

“KNLA ရဲ့လက်အောက်ခံတပ်ဖွဲ့အနေနဲ့ သင်ကြားလေ့ကျင့်ပေးမှာပါ။ တပ်သားတွေအနေနဲ့ နောက် ပိုင်းမှာ တပ်ပြောင်းချင်တယ်၊ ဒါမှမဟုတ် PDF ထဲဝင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ ပြောင်းရွှေ့ ပေးဖို့ အဆင့်သင့်ပါပဲ။ အဓိကတော့ တော်လှန်ရေးတပ်သား ထပ်ပြီးတိုးပွားလာစေဖို့ပါပဲ။” ဟု People’s Defense Force – TC တပ်ခွဲရုံးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *