Pakokku News

0 0
Read Time:2 Minute, 25 Second

ဆင်ဖြူရှင်တံတားသိမ်းတိုက်ပွဲမှာ ကျည်ကာဝတ်စုံ၊ ကျည်ကာ ဦးထုပ်မပါရှိသဖြင့် ရဲဘော် ကပ္ပိယ အသက်ပေးဆပ်ခဲ့ရဟု ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ ဖွေးယု ပြော (ရုပ်သံ)

 

D Day News

မေလ ၇

 

ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားသိမ်းတိုက်ပွဲတွင် ကျည်ကာဝတ်စုံ၊ ကျည်ကာဦးထုပ် မပါရှိသဖြင့် ရဲဘော် ကပ္ပိယ အသက်ပေးဆပ်ခဲ့ရဟု ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ ဆေးတာဝန်ခံဆရာမ ဖွေးယုက ပြောကြားသည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နံနက် ၅ နာရီခွဲခန့်က ရေစကြိုမြို့နယ် ၊ဆင်ဖြူရှင်တံတားရှိ အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ပခုက္ကူခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၁၇ တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်တပ်ရင်း ၁၇ မှ ရဲဘော် ကပ္ပိယအပါအဝင် ၄ ဦးမှာ တိုက်ပွဲ အတွင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ကို လက်မကျိုးအောင် ကုပေးပါနော် ဆရာမ၊ ကျွန်တော်လက်ကျိုးလို့ မဖြစ်ဘူး၊ ကျွန် တော့် သားအမွှာလေးတွေကို အလှူ လှူပေးရဦးမှာ။ အဲဒီရဲဘော်ဆိုဘယ်လောက်ဝမ်းနည်းဖို့ ကောင်း လဲဆို၊ Equipment လည်း မပါဘူး၊ ကျည်ကာလည်း မပါဘူး၊ မှန်လာတာက ကျွန်တော်တို့ရဲ့ နှလုံး တည့်တည့် ရင်ဘတ်မှာ၊ ရဲဘော်ကပ္ပိယ ကျလို့ဆိုပြီး နောက်ထပ်ရဲဘော်တစ်ယောက် တက်ဆွဲတယ်၊ အဲ့တက်ဆွဲတဲ့ ရဲဘော်ပါ ခေါင်းတည့်တည့်မှန်ပြီး Head shot ထိပြီး ပွဲချင်းပြီး ဆုံးရှုံးခဲ့ရတယ်”ဟု ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ ဆေးတာဝန်ခံဆရာမ ဖွေးယုက ပြောကြားသည်။

 

ထို့ကြောင့် ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်ဝယ်နိုင်ရေး အတွက် နံ့သာမြိုင်ကမ်းပိန်းကို ပြလုပ် လျက်ရှိရာ ၅၇ ရာခိုင်နှုန်းအထိ ရရှိထားပြီး ရာခိုင်နှုန်းပြည့်မီရန် လိုအပ်နေသည့် ၄၃ ရာခိုင်နှုန်းကို မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းအားဖြင့်ပေးကြပါရန် Myaing Support Battalion က မေတ္တာ ရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *