Karenni News

0 0
Read Time:2 Minute, 18 Second

ဖားဆောင်းမြို့နယ်တွင် ဧပြီလအတွင်း အပြင်းအထန် တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ခဲ့ပြီး စစ်သား ၅၀ ကျော်သေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦးအရှင်ဖမ်းမိ

 

D Day News

မေလ ၇

 

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း၌ အပြင်းအထန် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၅၀ ကျော်သေဆုံးကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦးအရှင်ဖမ်းမိခဲ့ ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလအတွင်း ဖားဆောင်းမြိုအခြေစိုက် စစ်ကောင်စီတပ်ရင်းများ ဖြစ်သည့် ခလရ ၁၃၅ ၊ ခလရ ၁၃၄ တပ် တို့နှင့် မြိုတွင်းရှိ မီးသတ်ရုံးနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင် စီ တပ်ဖွဲ့များကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ အထိနာခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို စစ်ကူပေးရန် ဘောလခဲမြို့နယ် ဘက်မှ ဖားဆောင်းမြို့သို့ ဦးတည်၍ ခမရ ၅၁၆ ၊ ခမရ ၅၁၅ ၊ ခလရ ၁ ၊ ခလရ ၁၃၅ တပ်များ ပူးပေါင်း၍ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စ၍ ညနေပိုင်းထိ ပါပုကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့တိုက်ခိုက်မှုအတွင်း  အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး တပ်ရင်းမှူး ၊ ဒုရင်းမှူးများ အပါအဝင် ၅၆ ဦး လက်နက်ချ အညံ့ခံခဲ့ကြော်း၊ ထို့အပြင် လက်နက်ကြီး ၊ လက်နက်ငယ် အစုံ ၇၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ အတွင်း ဖားဆောင်းမြိုတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲများအကြား ပြင်းထန် သည့်ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပုံမှန်ထိတွေ့မှု နေ့စဉ်ရှိခဲ့ကာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်ခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *