Demoso PDF News

0 0
Read Time:7 Minute, 2 Second

နိုင်ငံအလယ်ပိုင်းဒေသရှိ ခုခံတော်လှန်ရေးသည် အောင်ပွဲရရှိရေး များစွာ အပြောင်း အလဲဖြစ်စေနိုင် သော ကြောင့် သက်ဆိုင်ရာ NUG အစိုးရ နှင့် ဝါရင့် EROs များက ပိုမိုအာရုံစိုက်ပေးရန် ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို အကြံပြုတိုက်တွန်း

 

D Day News

မေလ ၇

 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသော နိုင်ငံတော်၏အလယ်ပိုင်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များ၏ ခုခံတော်လှန်ရေးသည် အောင်ပွဲရရှိရေးအတွက် များစွာ အပြောင်းအလဲ ဖြစ်စေနိုင်သောကြောင့် သက်ဆိုင်ရာ NUG အစိုးရနှင့် ဝါရင့် EROS များမှ ပိုမို၍ အာရုံစိုက်နိုင်ပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို က အကြံပြုတိုက်တွန်းထားသည်။

 

ယမန်နေ့ မေလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO Local PDF မှ အကြမ်း ဖက်စစ်ကောင်စီအား ခုခံတော်လှန်ခဲ့သည့် ၃ နှစ်ပြည့် ထုတ်ပြန်ကြေညာရာတွင် ထည့်သွင်းပြီး အကြံပြုတိုက်တွန်းထားခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးဖြင့် တိုက်ပွဲဝင်နေကြသော်လည်း အချို့သော တိုင်းနှင့် ပြည်နယ်များသည် လှုပ်ရှားရာနယ်မြေနှင့် စစ်ဗျူဟာအရ ရင်ဆိုင်တိုက်ပွဲ ဖော်ဆောင်ခြင်းထက် ရှောင်တခင်ဝင်ရောက် ဖေါက်ခွဲ၊ တိုက်ခိုက်ခြင်းဖြင့်သာ ဖော်ဆောင်နိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသော နိုင်ငံတော်၏အလယ်ပိုင်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များ ၏ စစ်ရေး၊ တိုက်ခိုက်ရေး၊ လက်နက်ခဲယမ်းနှင့် လူအင်အားများသည် ပြည် နယ်များနှင့်အတူ စစ် အာဏာရှင်အား ခုခံတော်လှန်အောင်နိုင်ရေးတွင်များစွာ အပြောင်းအလဲ ဖြစ် စေနိုင်သောကြောင့် သက်ဆိုင်ရာ NUG အစိုးရနှင့် ဝါရင့် EROS များမှ ပိုမို၍ အာရုံစိုက်နိုင်ပါရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ဒီးမော့ဆို က အကြံပြုတိုက်တွန်းထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား လက်လုပ် သေ နတ်များ၊ ယမ်းထောင်းသေနတ်များနှင့် အနည်းငယ်သော မောင်းပြန်သေနတ်အချို့နှင့်သာဖြင့် ရရာလက်နက်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ရကြောင်း၊ တပ်ဖွဲ့စတည်ထောင်သည့်နေ့မှစတင်ပြီး တိုက် ပွဲ ပေါင်းများစွာကို အခက်အခဲပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရကြောင်း အသိပေး ထားသည်။

 

မပြောပလောက်သော ရက်တို စစ်သင်တန်းဖြင့် ကြီးမားသောရန်သူကိုတိုက်ပွဲပေါင်းများစွာ တိုက်ပွဲ ဝင်ခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ စစ်ရေး၊ တိုက်ခိုက်ရေး စွမ်းရည်များစွာ တွေ့ကြုံရရှိခဲ့ပြီး ၃ နှစ် တာကာလအတွင်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများ၏ ထောက်ခံမှု၊ ထောက်ပံ့ကူညီလှူဒါန်းမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထောက်ပံ့မှု နှင့်အတူ အကြမ်းဖက် အာဏာရှင်ထံမှ သိမ်းယူ ရရှိသော လက်နက်ခဲယမ်းများဖြင့် စစ်ပွဲဖော်ဆောင်ခြင်း၊ ပူးပေါင်းတိုက်ပွဲ ဝင်ခြင်း၊ စစ်ကူဖြင့် တိုက်ပွဲ ဝင်ခြင်းများကို စစ်ပွဲပေါင်းရာချီဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ကောက်ကျင့်ယုတ်မာသော အာဏာသိမ်းမှုကြောင့် နိုင်ငံတော်သည် ပျက်စီးယိုယွင်းသည်နှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး စသော လူသားရပိုင်ခွင့်များသည် ဆုံး ရှုံး ခဲ့ရပြီဖြစ်ပြီး အကြမ်းဖက်အာဏာရှင်စစ်ကောင်စီ၏ လက်နက်ကြီး/ငယ် ပစ်ခတ်မှု၊ တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု၊ မီးရှို့သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ ကလေးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ ထောင်သောင်းချီပြီး မရှု့မလှ သေဆုံးခဲ့ရကြောင်း၊ ထို့အတူ ထောင်သောင်းနှင့် ချီသော ပြည်သူနေအိမ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးစသော ပြည်သူပိုင်အဆောက်အဦး များ၊ မီးလောင်ပျက်စီးခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အကြမ်းဖက်အာဏာရှင်တော်လှန်ရေးသည် နိုင်ငံ့တစ်ဝန်းကျယ်ပြန့်စွာ ပေါ်ပေါက်လာပြီး စစ်ရေး၊ အုပ်ချုပ်ရေး စသည်များ အဖက်ဖက်မှ အရေးနှိမ့်နေသော အကြမ်းဖက်စစ်အုပ်စုသည် ပို၍သေစေနိုင် သော၊ ပို၍ပျက်စီးလောင်ကျွမ်းစေသော၊ ပို၍ပေါက်ကွဲအားပြင်းသော လက်နက်ခဲယမ်းများ အသုံးပြု လာသည်နှင့်အမျှ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ယူသော စစ်ဖက်ဆိုင်ရာ ယန္တာရားများ အားလုံးထုတ် သုံးပြီး အယုတ်မာဆုံးနည်းလမ်းဖြင့် ပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ – ဒီးမော့ဆို က ပြောဆိုသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဒီးမော့ဆို အနေဖြင့် (၁) စစ်အာဏာရှင်စနစ် ပပျောက်ချုပ်ငြိမ်းရေး။ (၂) ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး။ (၃) ပြည်သူလူထုမှ ရွေးကောက် တင် မြောက်သည့် အစိုးရပေါ်ထွန်းရေး။(၄) တန်းတူအခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့်အတူ ယခင်မှ ဆန္ဒပြတောင်းဆိုသည့် “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး” ဆိုသည့်အတိုင်း မည်သည့်ကာလတွင်မဆို ပြည်သူ့အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် နေရာယူ မည် မဟုတ်ဘဲ ပြည်သူကိုယ်တိုင် ဖော်ဆောင်သည့် အုပ်ချုပ်ရေးကို တတ်နိုင်သည့်ဖက်မှ ဝန်းရံအကြံ ပြုခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း စသည်များကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

 

ထို့ကြောင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO- Local PDF သည် စစ်မှန်သော ပြည် သူ့အုပ်ချုပ်ရေးကို ကာကွယ်စောင့်ရှောက်ပြီး အကြမ်းဖက်စစ်အာဏာရှင်အား နိုင်ငံတစ်ဝန်းရှိ အ ခြားသော တော်လှန်ရေးအင်အာစုနှင့် အတူ ဆုံးခန်းတိုင်ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပြည် သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *