Myeik News

0 0
Read Time:3 Minute, 7 Second

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံးပြီး PDF တပ်ဖွဲ့မှ ရဲဘော် ၂ ဦးကျဆုံး

 

D Day News

မေလ ၆

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။

 

မေလ ၂ ရက် နံနက် ၆ နာရီ ၄၉ မိနစ်အချိန်တွင် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်‌ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ညပိုင်းအထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြားသေဆုံးကာ စက်လှေများဖြင့် သယ်ဆောင်သွားကြောင်း၊ သေဆုံးစစ်သား အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကူအင်အားနဲ့ ဆိုရင် ၇၀ လောက်ရှိမယ်၊ ပလောက်မြို့ဘက်နေ လာတာ။ လက်ရှိအချိန်အထိ ကျနော်တို့ဘက်က စခန်းမရသေးဘူး။ လေကြောင်းတော့မလာဘူး။ စစ်ခွေးတွေဘယ်လောက် သေတယ်ဆိုတာ အရေအတွက် အတိအကျတော့ မပြောတတ်ဘူး၊ ခွေးသေအလောင်းတွေကို လှေနဲ့ သယ်နေတာတွေ့တယ်လို့ ဒေသခံတွေကပြောတယ်။ လက်ဖက်ကျေးရွာကနေ တဆင့် ပလောက် ဒါမှမဟုတ် ပုလောဘက်ကို ရေလမ်းကနေ ပို့တာ၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးက စခန်းကို တက်လုံးချိန် စနိုက်ပါ မှန်တာ၊ တစ်ဦးကတော့ ၄၀ မမထိပြီး ကျဆုံးရတာပါ” ဟု မြိတ်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်တော် (ပုလော) ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ နဂါးမဲမဟာမိတ်ပူးပေါင်း စစ်ကြောင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း ၇ တပ်ခွဲ ၅ နှင့် ပုလောဒေသကာကွယ်ရေးတပ် (PRDF)တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နဂါးမဲ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်စုမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ရဲဘော် ၈ ဦး မစိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ ထမင်းမစားကျေးရွာအနီးတွင် မိမိတို့မဟာမိတ်ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များကြား စစ်ရေးတင်းမာဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ထားဝယ်-ပုလော ပြည်ထောင်စုလမ်းပိုင်းအားအသုံးပြု၍ ခရီးသွား လာခြင်း (လုံးဝ)မပြုလုပ်ရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *