Maddayar News

0 0
Read Time:1 Minute, 57 Second

မတ္တရာမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

မေလ ၆

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -မတ္တရာ ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၅ ရက်နေ့က အင်အား ၁၅၀ ခန့်ဖြင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသဘက်မှ မတ္တရာမြို့နယ်၊ အိုင့်ဒိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပဒေသာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင် ခရိုင် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ နှင့် တိုက်နယ် ၆ ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ မိုးကြိုးရွာအနီး၌ အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား  အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ၊ တိုက်နယ် ၆ ပ.က.ဖ နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တော်လှန်ရေး အင်အားစုတို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *