သံတွဲမြို့နှင့် ၁၈ မိုင်အကွာ အုန်းမော်တောင် အနီးတဝိုက်၌ အကြမ်းဖက်စစ်တပ်နှင့် ရခိုင့်တပ်တော် တို့ ကြား အပြန်လှန်ပစ်ခတ်တိုက်ပွဲဖြစ်
D Day News
မေလ ၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်အကွာ အုန်းမော်တောင်အနီးတဝိုက်၌ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် ရခိုင့်တပ်တော် တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်နေကြောင်း ဒေသနေပြည်သူများ ထံက သိရသည်။
ယနေ့ မေလ ၄ ရက် နံနက် ၁၁ နာရီအချိန်မှစ၍ သံတွဲမြို့မှ ၁၈ မိုင်ခန့်အကွာရှိ အုန်းမော်တောင်ပေါ် ၌ နေရာယူထားသော ရခိုင့်တပ်တော်နှင့် ကျောင်းကုန်းရွာဟောင်း၊ လင်းသီရွာဦးနေရာတို့၌ တပ်စွဲ နေရာယူထားသော အကြမ်းဖက်စစ်တပ်တို့ကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အ လှန် ပစ်ခတ် တိုက်ပွဲဖြစ်နေပြီး ဒေသနေပြည်သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း၊ ယင်းတိုက်ပွဲကြောင့် ပြည်သူလူထု ထိခိုက်မှုရှိ၊ မရှိ မသိရသေးကြောင်း သိရသည်။
“မနက် ၁၁ နာရီလောက်ကတည်းကနေ အခုချိန်အထိ အပြန်အလှန်ပစ်ခတ်နေကြတာ။ ကျည်ဆံ တွေ ရွှေလှေတံတားအနီး လင်းသီရွာထဲကို ကျလို့ တံတားပတ်ကျင်ကလူတွေ တိမ်းရှောင်နေကြရ တယ်။ ပြည်သူတွေ ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးဘူး။ စစ်တပ်က လင်းသီရွာဦး တံတားနားမှာ တစ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က ကျောင်းကုန်းရွာဟောင်းမှာ နေရာယူထားတာ၊ အေအေကတော့ အုန်းမော် တောင် ပေါ်မှာ ပေါ့၊ သေနတ်သံ၊ စက်သေနတ်သံ၊ လက်နက်ကြီးပစ် သံတွေ တောက်လျှောက်ကြား နေရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်သားများသည် ဒေသနေပြည်သူများကို အကွာအကွယ်ယူကာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်ပြီး ရခိုင့်တပ်တော် အနေဖြင့် အုန်းမော်တောင်ပေါ်၌ အပေါ်စီးကနေ နေရာယူထားကာသဖြင့် စစ်တပ်ဘက်က ထိရောက်စွာ တိုက်ခိုက်နိင်ခြင်းမရှိကြောင်း၊ ယနေ့ တိုက်ပွဲအတွင်း၌ အကြမ်း စစ် ကောင်စီတပ်က ပုံမှန်အသုံးပြုနေကြဖြစ်သည့် လေကြောင်းပစ်ကူလည်း လာရောက်ခြင်းမရှိ ကြောင်း သိရသည်။
“စစ်တပ်က လူနေရပ်ကွက်မှာနေရာယူထားတော့ AA က အပြင်ဘက်ခေါ်ထုတ်ချင်တဲ့သဘောရှိ တယ်။ စစ်တပ်က ရွာထဲက မခွာဘူး၊ ပေကပ်ခံနေတယ်။ အဲတော့ အဝေးကနေ လှမ်းပစ်နေကြတာ ပေါ့။ ဒီနေ့လေယာဉ်ပစ်ကူလည်းမလာဘူး၊ အစောပိုင်းတုန်းက သံတွဲမြို့ပြင် ဘားတောင်းတောင်က နေပစ်ကူပေးနေတဲ့လက်နက်ကြီး ပစ်ကူလည်း အခုမပစ်တော့ဘူး၊ တိုက်ပွဲဘက်ကလည်း တစ်ချက် တချက်လောက်ပဲ ကြားရတော့တယ်။ ဘယ်ဘက်က ဘယ်လောက်သေလည်းတော့ မသိရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
D Day News