Kanpetlet News

0 0
Read Time:3 Minute, 28 Second

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အမြောက် အများပျက်စီး (ရုပ်သံ)

 

D Day News

မေလ ၄

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်က လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၂၅၀ ကျော်အသုံးပြုခဲ့သဖြင့် နေအိမ်အမြောက်အများ ပျက်စီးခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှစတင်၍ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ် ကောင်စီ စခန်းကို နယ်မြေခံ CDF-ကန်ပက်လက်နှင့်အတူ အခြား CDF ပူးပေါင်းတပ်များ၊ PDF တပ်များက စတင်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ် ဧပြီ လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ နာရီ အချိန်တွင် စစ်ကောင်စီစခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းများ ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

 

၄ လ ကျော်ကြာမြင့်သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က ကျင်းဒွေးမြို့ မကျဆုံးရေး လေကြောင်းဖြင့် မတ်လ ၁၁ ရက်နေ့တွင် ၁ ကြိမ်၊ မတ်လ ၂၃ ရက်နေ့တွင် ၂ ကြိမ် (ရဟတ်ယာဉ်ဖြင့် လူချ ၁ ကြိမ်) ၊ မတ်လ ၂၆ ရက်နေ့တွင် ၃ ကြိမ်၊ မတ်လ ၂၉ ရက်နေ့ ၆ ကြိမ်၊ မတ်လ ၃၀ ရက်နေ့တွင် ၆ ကြိမ်၊ ဧပြီလ ၃ ရက်နေ့တွင် ၁၃ ကြိမ်၊ ဧပြီလ ၆ ရက်နေ့တွင် ၃ ကြိမ်၊ ဧပြီလ ၈ ရက်နေ့တွင် ၄ ကြိမ်၊ ဧပြီလ ၉ ရက် နေ့တွင် ၁၈ ကြိမ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ၇ ကြိမ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ၅ ကြိမ်၊ ဧပြီလ ၁၆ ရက် နေ့တွင် ၂၃ ကြိမ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ၅ ကြိမ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ၈ ကြိမ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ၁၆ ကြိမ် (ရဟတ်ယာဉ်ဖြင့် လူချ ၄ ကြိမ်)၊ ဧပြီလ ၂၂ ရက်နေ့တွင် ၁၂ ကြိမ် ရိက္ခာ ပစ္စည်းချ၊ ဧပြီလ ၂၃ ရက်နေ့ ၂ ကြိမ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ၆၀ ကြိမ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ၁၉ ကြိမ် (၁ ကြိမ် ပစ္စည်းချ)၊ ဧပြီလ ၂၆ ရက်နေ့တွင် ၅၆ ကြိမ် (၁၅ ကြိမ် ပစ္စည်းချ)၊ ဧပြီလ ၂၇ ရက်နေ့တွင် ၅ ကြိမ် (၈ ကြိမ် ပစ္စည်းချ)၊ ဧပြီလ ၂၉ ရက်နေ့ ၁၁ ကြိမ် စုစု ပေါင်း ၂၇၃ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့များအပြင် ရခိုင့်တပ်တော် – AA နှင့် BNRA ၊ YDF တို့လည်း ပါဝင်တိုက်ခဲ့ပြီး ၅၄ ရက်ကြာတိုက်ခိုက်ပြီးအပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *