KNLA News

0 0
Read Time:2 Minute, 32 Second

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ တောင်စွန်းစခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၂၆ ဦးသေဆုံး ကာ တပ်ရင်းမှူးအပါအဝင် ၁၃ ဦးထွက်ပြေး၊ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

မေလ ၃

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ခလရ ၂၈၄ တောင်စွန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ ခဲ့ပြီး အကြမ်းဖက်စစ်သား ၂၆ ဦးသေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၁၃ ဦးထွက်ပြေးသွားကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ထံမှ သိရသည်။

 

ဧပြီ ၇ ရက်နေ့မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေ စိုက်တောင်စွန်းစခန်းကို  ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ရာ ယနေ့ မေလ ၃ ရက် နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၆ ဦးသေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၁၃ ဦး ထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ် စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်မှုအတွင်း လက် နက်ကြီး လက်နက်ငယ် ၄၀ ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF (P29999/ အထူးတပ်ဖွဲ) ၊ Lion Battalion Commando စစ်ကြောင်း၊ Federal Wings ၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ် ၊ Y12 ဗုံးကျဲလေ ယာဉ် ဖြင့် (၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေး ရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဒေသနေပြည်သူတချို ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲများမှ ရဲဘော် များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ အထူစစ်ဆင်ရေးအဖွဲ့ – SOF က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *