PDF News

0 0
Read Time:2 Minute, 15 Second

“လက်နက်တပ်ဆင် တိုက်ပွဲဝင် ပြည်သူအားနဲ့ အောင်ပန်းဆင်” ကမ်ပိန်းတွင် ဆရာမ တစ်ဦး လက် လုပ် AK သေနတ် တစ်လက် ဆုမဲပေါက်

 

D Day News

မေလ ၂

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အခြေစိုက် အမှတ် ၃ တပ်ရင်းမှ ဖွင့်လှစ်သည့် “လက်တပ်တပ်ဆင် တိုက်ပွဲ ဝင် ပြည်သူအားနဲ့ အောင်ပွဲဆင်” ကမ်းပိန်းကိုပါဝင်ကံစမ်းသူ ဆရာမ တစ်ဦး လက်လုပ် AK သေနတ် တစ်လက် မဲပေါက်သွားကြောင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ဖွင့်လှစ်ပေးသော “လက်နက်တပ်ဆင် တိုက်ပွဲဝင် ပြည်သူ့အားနဲ့အောင်ပန်းဆင်” ကမ်းပိန်းမှ ဒုတိယဆု 13069 (လက်လုပ်AK-47)အား မြေပြင်တွင်ရောင်းချထားသော ကမ်းပိန်းစာအုပ်များထဲမှ ဆရာမ ဆိုသော နာမည်ဖြင့် မဲပေါက် သွားကြောင်း သိရသည်။

အဆိုပါပေါက်မဲဆုရှင် ဆရာမ ကိုယ်စား လာရောက်မဲထုတ်ယူသူကို မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ခွဲမှူးတစ်ဦးက ဆုချီးမြှင့်ပေးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

 

မုံရွာခရိုင် အမှတ် ၃ တပ်ရင်း၏ “လက်နက်တပ်ဆင်တိုက်ပွဲဝင်၊ ပြည်သူ့အားနဲ့အောင်ပန်းဆင်” ကမ့်ပိန်း ဆုမဲများမှာ ” ပထမဆု Toyota Surf ကားတစ်စီးကို ပေါက်မဲနံပါတ် – 07981 ဖြင့် လည်း ကောင်း၊ ဒုတိယဆု လက်လုပ် AK 47 ကို ပေါက်မဲနံပါတ် 13069 ဖြင့်လည်းကောင်း၊ တတိယဆု အမေစု ကျောက်စီပန်းချီကားကို – ပေါက်မဲနံပါတ် 04856 ဖြင့်လည်းကောင်း၊ စတုတ္ထဆု အမေစု ရေဆေးပန်းချီကားကို ပေါက်မဲနံပါတ် – 13043 ဖြင့်လည်းကောင်း အသီးသီး မဲပေါက်သွားပြီး မဲပေါက် သူ ကံထူးရှင်များအနေဖြင့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ Page Messenger မှ တဆင့် လာရောက်ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *