Pauk News

0 0
Read Time:2 Minute, 7 Second

ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ ပျူစောထီး ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား များ ဖရိုဖရဲ ထွက်ပြေး (ရုပ်သံ)

 

D Day News

မေလ ၂

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ ပျူစောထီးကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် – PLA က ထုတ်ပြန်ထားသည်။

 

မေလ ၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်မြို့နယ် မြောက်ပိုင်း၌ အခြေစိုက်တပ်စွဲနေသော ရွှေဘုံသာရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးကင်းစခန်းကုန်းကို Drone ၊ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် မြေပြင်တိုက်ခိုက်ရေးရဲဘော် များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ဖရိုဖရဲဖြင့် ထွက်ပြေးသွား ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ကူ ပေးတိုက်ခိုက်နှင့် ခြေလျင်စစ်ကြောင်းထိုးလာမှုတို့ကြောင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များ ပြန် လည်ဆုတ်ခွာခဲ့ရပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတိအကျအတည်ပြုနိုင်ခဲ့ခြင်း မရှိ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ဖွဲ့ – PLA (အ နောက်မြောက်စစ်ဒေသ) ၊ ပခုက္ကူတပ်ရင်း ၁၆ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ – ဖီးနစ်ပြောက်ကျား တပ်ဖွဲ့ ၊ PDO/PDA ၊ PREI မဟာမိတ်တပ်ပေါင်းစု (MUGDFIဇာမဏီပြောက်ကျား တပ်ဖွဲ့James Bond တပ်ဖွဲ့) ၊ RDF နှင့် YRG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *