Myinmu News

0 0
Read Time:2 Minute, 50 Second

မြင်းမူမြို့နယ်တွင် စစ်ကားတစ်စီးနှင့် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး

 

D Day News

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကားတစ်စီးနှင့်ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း People’s knight Defense Force Myinmu အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့မေလ ၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ကြေးနီ သယ်ဆောင်လာသည့် ကား ၁၉ စီးကို လုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၁၇ ဦးပါ သံပြား ကာ ကား ၁ စီးကို အလ္လကပ္ပကျေးရွာ နှင့် ဝမ်းပြည့်ကျေးရွာကြား အရောက် ရှေ့ထွက်မိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတိမ်းမှောက်သွားပြီး စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဒဏ်ပြင်းထန်ဒဏ်ရာရရှိသူ ၅ ဦးအနက် မြင်းမူဆေးရုံ အရောက်တွင် စစ်သား ၁ ဦး ထပ်မံသေဆုံး သွား ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကားလမ်းဘေးမှ ကင်းယူထားသော အကြမ်းဖက်စစ်သားများ က လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် မြင်းမူမြို့​မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် ဝမ်းပြည့်ကျေးရွာ အရှေ့ဘက် မြင်းမူ-မုံရွာ ကားလမ်းမကြီးဘေး၌ ပြည် သူပိုင် နေအိမ်များကို မီးရှို့ပြီး လမ်းသွားလမ်းလာ ပြည်သူများထံ ငွေကြေး တောင်းရမ်းနေစဉ် ၈၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ ၏ ကွပ်ကဲမှုဖြင့် People’s knight Defense Force Myinmu (PKDF-MMU) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အုန်းတော-မြင်းမူ-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေပြီး ခရီးသွား ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် နှင့် တော်လှ န်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့် စည်းကမ်းများ အတိုင်း သွားလာကြရန် People’s knight Defense Force Myinmu အဖွဲ့မှ မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *