Kyaikhto News

0 0
Read Time:2 Minute, 41 Second

ကျိုက်ထိုမြို့နယ်၊ ရွှေဖြူ အကျဉ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ

 

D Day News

မေလ ၂

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွား ပြီး ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်း ဦးစီးဌာန၏ လက်ထောက်ညွှကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာကျေးရွာရှိ ၎င်း၏ ဇနီးငယ်နေအိမ်ရှေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ မှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ စင်းအောင်(ခ) ဝင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင် စုံစမ်း၍ စစ်တပ်နှင့် ရဲကို သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က အသိပေးထားသည်။

 

ထိုသို့ ပစ်ခတ်ရှင်းပြီးနောက် ၎င်းထံမှ သက်သေခံ ပစ္စတို သေနတ်တစ်လက် နှင့် ဝန်ထမ်းကတ် များ ကို သိမ်း ဆည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *