Kawkarate News

0 0
Read Time:9 Minute, 57 Second

စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို NUG အစိုးရက ဘာမှ လုပ်ဆောင်ခဲ့ ခြင်းမရှိ ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲပြော (ရုပ်သံ)

 

  • နိုင်ငံတော်အဆင့်စစ်ဆင်ရေးကို တပ်ရင်းအစီအစဉ်ဖြင့် ၆ ရက်ကြာခုခံခဲ့ရပြီး ဂျန်ပါပျက်စီးကာ စစ်တပ်က ဓာတု ဗုံးကျဲချကြောင့် ကော့ကရိတ်မြို့တွင်းမှ ဆုတ်ခွာပေးခဲ့ရဟု ဆို

 

D Day News

မေလ ၂

 

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကော့ကရိတ်မြို့ကို နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးအဖြစ် စစ်ကြောင်းထိုးလာသဖြင့် ခုခံတိုက်ခိုက်မှုအတွင်း NUG အစိုးရက ထောက်ပံ့ကူညီမှု မရှိခဲ့သည့်အပြင် တင်ပြသည့် စာကိုလည်း ဖတ်ကြည့်ခြင်းမရှိကြောင်း ကျားဖြူ စစ်ကြောင်းမှူး ကိုဇွဲက ပြောကြားသည်။

 

ဧပြီလ ၁၁ ရက်နေ့က မြဝတီမြို့၊ မြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းကို တိုက်ခိုက် သိမ်း ပိုက်လိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်၊ တပ်မ ၄၄ နှင့်တပ်မ ၅၅ ပူးပေါင်းပြီး  မြဝတီမြို့ အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင် ကာ ကော့ရိတ်မြို့ကို ပထမဦးစွာ ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လည် သိမ်းယူခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးသည် မော်လမြိုင်မြို့ရှိ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်မှ အင်အား ထောင်ချီတက်လာကာ ကျုံဒိုး၊ ချောင်းဖျားဘက်မှ ကော့ကရိတ် မြို့ကို တက်လာရာ ကော့ကရိတ်မြို့တွင်း၌ သိမ်းပိုက်နေရာယူထားသော ကျားဖြူစစ်ကြောင်းနှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပြည်သူလူထုကို သိစေချင်တာက ရန်သူဘက်က ကြည်း၊ ရေ၊ လေစစ်ဆင်ရေးအပြင် တပ်မလိုက် ထိုးနေတဲ့အချိန်မှာ ကျနော်တို့ တပ်ရင်းအဆင့် ကာကွယ်မှုသာ ပြုလုပ်နိုင်ခဲ့တယ်ပေါ့။ ဘာဖြစ်လို့ လည်း ဆိုရင် ကျနော်တို့ စစ်ဒေသခွဲ ၃ ကနေပြီးတော့ ဒီစစ်ကြောင်းတွေထိုးလာနေတဲ့ အ ပေါ် မှာ ကျနော်တို့ကို ကာကွယ်ပေးမှု ၊ ကျနော်တို့အတွက် ကြိုတင်ပြင်ဆင်ခွင့် ၊ ကြိုတင်ပြင်ဆင်ဖို့ လုံ လောက်တဲ့ ခဲယမ်း၊ ကြိုတင်ပြင်ဆင်ဖို့ လုံလောက်တဲ့ ရံပုံငွေ စစ်ဒေသကနေ ဘာမှ မပေးခဲ့ဘူး။ မပေးခဲ့တော့ ကျနော်တို့လည်း ရရှိတဲ့ ရံပုံငွေပေါ်မှာ မူတည်ပြီးတော့ အတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ တယ်။ ၆ ရက်မြောက်ဖြစ်တဲ့အချိအထိ ကျနော်တို့လည်း ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ခဲ့တယ်။ အခုတော့ ကျနော်တို့လည်း ကော့ကရိတ်မြို့ရဲ့အပြင်အထိ ဆုတ်လိုက်ရတယ်။” ဟု ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက ပြောကြားသည်။

 

ကော့ကရိတ်မြို့တွင်းသို့ ဝင်ရောက်လာချိန်တွင် ကျားဖြူစစ်ကြောင်း အနေဖြင့် ကြိုတင်ပြင်ဆင်ကာ ခုခံကာကွယ်မှုကို ၆ ရက်ကြာသည်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ ၆ ရက်အတွင်း ကျားဖြူစစ်ကြောင်းမှ ရဲဘော် ၅ ဦးနှင့် EAO အဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ ၄၀ ကျော်ဒဏ်ရာ အသီးသီး ရရှိကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ပြည်သူလူထုသိသလို၊ နာမည်အမျိးမျိုးထွက်နေသလို တခြားစစ်ကြောင်းတွေ ပူးပေါင်းခုခံ ကာကွယ် နေတယ်ဆိုတာ မဟုတ်ပါဘူး။ ကော့ကရိတ်မြို့မြောက်ပိုင်းတခြမ်းလုံးဆိုရင် ကျနော်တို့ ကျားဖြူ စစ် ကြောင်း တစ်ကြောင်းတည်းကသာ ခုခံကာကွယ်ခဲ့ရတယ်။ ကျနော်တို့နဲ့ ပူးပေါင်းလာပေးတဲ့ ဂျို ကာ စစ်ကြောင်း လို့ပြောတဲ့ ကော့သူးလေအာမီက တပ်ဖွဲ့ဝင် အနည်းငယ်ပါဝင်တယ်။ ဒီဟာကလွဲ ရင် ကျနော်တို့ ကျားဖြူစစ်ကြောင်း တစ်ကြောင်းတည်းကသာလျှင် အောင်ဇေယျစစ်ဆင်ရေးကို ခါးစီး ပြီးတော့မှ ရင်ဆိုင်တုန့်ပြန်ခဲ့တယ်ပေါ့။”ဟု ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက ပြောကြားသည်။

 

ထို့သို့ ရင်ဆိုင်ခုခံတိုက်ခိုက်နေချိန် အကြမ်းဖက်စစ်တပ်ကပစ်ခတ်သည့် ဟောင်ဝှစ်ဇာလက်နက်ကြီး သည် ဒရုန်းရန် ကာကွယ်မှု လုပ်ဆောင်ထားသည့် ဂျန်ပါထိကို ထိမှန်ခဲ့သဖြင့် ပျက်စီးခဲ့ကြောင်း၊ ဂျန်ပါ ပျက်စီးပြီးနောက် အကြမ်းဖက်စစ်တပ်က ဒရုန်းအင်အား အလုံးအရင်းအသုံးပြုကာ ဓာတု ဗုံး အသုံးပြုကာ ကျဲချတိုက်ခိုက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မူးဝေခြင်း၊ အော့အန်ခြင်း တို့ဖြစ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုများပြားလာနိုင်သဖြင့် ကော့ကရိတ်မြို့မှ စွန့်ခွာပေးခဲ့ရကြောင်း ကျားဖြူ စစ်ကြောင်းမှူး ကိုဇွဲက ရှင်းပြသည်။

 

“အသိပေးချင်တာက ရန်သူဟာ ပြီးခဲ့တဲ့ တစ်နှစ်နဲ့ ၂ လအတွင်းမှာ ဒရုန်းတွေစသုံးဖို့ သင်တန်းတွေ စပေးတဲ့အချိန်မှာ သူတို့လည်း သတင်းတွေရရှိခဲ့မှာဖြစ်တယ်။ ကျနော်တို့လည်း သတင်းတွေ ရရှိခဲ့ပါ တယ်။ အဲလိုဒရုန်းတွေစသုံးတဲ့အချိန်မှာ ကျနော်တို့လည်း ဒရုန်းကို ကြိုသုံးတာဖြစ်လို့ ဒရုန်းတွေကို ကာကွယ်ဖို့အတွက် ဂျန်ပါဝယ်ဖို့အတွက် ကျနော်တို့က ကြိုးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က မြို့ တွင်းထဲမှာ တစ်နှစ်နဲ့ ၉ လ မြို့ကို တိုက်ခိုက်ပြီးတော့ စစ်ဆင်ရေးဆင်နွှဲနေရတာဖြစ်တဲ့ အတွက် ကြောင့်မို့လို့  ဂျန်ပါဝယ်ဖို့ထက် ခဲယမ်းဝယ်ယူဆောင်း နေရတဲ့ဖြစ်တဲ့အတွက်ကြောင့်၊ ခဲယမ်းလည်း လုံလုံလောက်လောက်မစုဆောင်းနိုင်ခဲ့ပါဘူး။ ပြီး ရင်ဂျန်ပါလည်း မဝယ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ ဝယ် နိုင်ခဲ့တဲ့ ဂျန်ပါကလည်း ပြီးတဲ့ခဲ့ ၄ လလောက်ကမှ စပြီးတော့ ရန်သူ ဒရုန်းတွေကို လှိုက်လှိုက်လှဲလှဲ သုံးလာတဲ့အချိန်ကျမှ ဂျန်ပါဝယ်နိုင်ခဲ့တာပေါ့။”ဟု ကိုဇွဲက ပြောဆိုသည်။

 

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်စစ်ဆင်ရေးဖြစ်သဖြင့် ကြည်းတပ်အင်အား ၂၀၀၀ ကျော်အသုံးပြု သည့်အပြင် ၆ လုံးတွဲ ဟောင်ဝှစ်ဇာ၊ ၁၂ လုံးတွဲ ဟောင်ဝှစ်ဇာများအသုံးပြုတိုက်ခိုက်ခြင်း၊ လေကြာင်း ဖြင့်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“အဲဒီတော့ ကျနော်တို့ အစိုးရကို မေးခွန်းထုတ်ချင်တာက ဒီစစ်ဆင်ရေးသတင်းတွေကြားပြီးတော့ စစ်ဆင်ရေး ပြင်ဆင်မှု ဘာတွေလုပ်ခဲ့လဲ ကြားချင်တယ်။ ကျနော်သိချင်တယ်။ ဖြေရှင်းချက်လည်း လိုချင်တယ်။ ကျနော်တောင်လည်းတောင်းထားတယ်။ ပြီးတော့ ကျနော် ဒရုန်းတွေကို သုံးပါ့မယ်၊ နိုင်ငံတော်အဆင့် စစ်ဆင်ရေး လာပါမယ် ဆိုပြီးတော့မှ ကာကွယ်မှုူ ၊ ရန်သူစစ်ဆင်ရေးကို ပြန်လည် တိုက်ခိုက်နိုင်မှု ၊ ကာကွယ်ပေးမှုနဲ့ ပတ်သက်လို့ ဘာရည်ရွယ်ချက်၊ ဘာပလန် တွေရှိခဲ့လည်းဆိုတာ ကျနော်သိချင်တယ်။” ဟု ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက NUG အစိုးရကို မေးခွန်းထုတ်ထားသည်။

 

ထိုသို့မေးခွန်းထုတ်ခြင်းသည် NUG အစိုးရကို ဝေဖန်တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း အသိပေးထား သည်။

 

“ကျနော်က NUG ကို ဝေဖန်တိုက်ခိုက်နေတာလည်း မဟုတ်ဘူး၊ ဒီစစ်ဆင်ရေးမှာ ပြင်ဆင်မှုတွေ အားနည်းတယ်၊ အားနည်းတမဟုတ်ဘူး။ လုပ်ကို မလုပ်ခဲ့ဘူးဆိုတဲ့ အကြောင်းကို ကျနော်ပြောပြ တာ။ ကျနော်သူတို့ကို ပြောပြီးသား၊ မင်းတို့ကို တရားဝင်စကားပြောမယ်၊ မင်းတို့ကို ပြောတဲ့ နေရာမှာ မင်းတို့ကြားနိုင်လောက်တဲ့နေရာကနေပြေမယ်လို့ ပြောပြီးသား၊ ကျနော်တို့ တိုက် ရိုက် ဆက်သွယ်ခဲ့တယ်။ စစ်ဆင်ရေးစီမံချက် စရိတ်တွေလည်း ကြိုတင်ခဲ့တယ်။ စစ်ဆင်ရေး ကာကွယ်မှု ပလန်တွေလည်း ကြိုတင်ခင်းပြခဲ့တယ်။ ကျနော်တို့ကိုဘာမှ ရီပလိုင်းမလာဘူး။ စာတောင် Seen မပြခဲ့ဘူးပေါ့။ အဲဒါကြောင့်မို့ ခင်များတို့ကြားနိုင်မယ်ထင်တဲ့နေရာလောက်က ပြောတာ။” ဟု ကျားဖြူ စစ်ကြောင်းမှူး ကိုဇွဲက ပြောဆိုသည်။

 

CRPH အနေဖြင့် NUG အစိုးရကို လဲပေးရန် သင့်ပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကျားဖြူစစ်ကြောင်း ကို တပ်ရင်းအဖြစ်နှင့် ဆက်လက် ထိန်းသိမ်းပေးရန် ဆန္ဒမရှိတော့ကြောင်း၊ ဖြေရှင်းပေး သင့်သည် များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“CRPH အနေနဲ့လည်း NUG အစိုးရကို လဲပေးဖို့ သင့်ပြီလို့ ပြောချင်ပါတယ်။ အဲဒီထဲကမှ ကာကွယ် ရေးဝန်ကြီးဌာနကနေ အဆင့်ဆင့် ကွက်ကဲမှုဆိုတဲ့သူတွေကို ပိုပြီးတော့မှ လဲပေးဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။ ဝေဖန်လို့ရှိရင် ဖယ်ထုတ်မယ်၊ ဖယ်ကျဉ်မယ်၊ ထောက်ပြလို့ရှိရင် မုန်းမယ်။ အစု အဖွဲ့နဲ့ပဲနေမယ်။ အဲဒီတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောတာပေါ့၊ ကျားဖြူစစ်ကြောင်းကို တပ်ရင်းအဖြစ်နဲ့ ဆက်လက်ပြီးတော့ ကိုင်ဖို့ ဆန္ဒမရှိတော့သလို အဲဒီဟာကိုလည်းကျနော်ဖြေရှင်း သင့်တာ ဖြေရှင်းသွားမယ်ပေါ့။” ဟု ကျားဖြူစစ်ကြောင်းမှူး ကိုဇွဲက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *