Chaung U News

0 0
Read Time:4 Minute, 25 Second

ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် ကြေးနီတင်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၂

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်သားများနှင့် ကြေးနီတင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁ ရက် နံနက် ၁၁ နာရီခန့်က ချောင်းဦးမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရေပိုးစားကန်အနီး လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာ ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများအနက် ယနေ့ မေလ ၂ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ် သား ၂ ဦးထပ်မံ သေဆုံးသွားကြောင်း သိရသည်။

 

“ဝင်ပစ်တဲ့ခဲ့သတင်းက မနေ့က ဖြစ်ဖြစ်ချင်း တစ်ဦးသေတယ်။ ဒီနေ့မနက် ၂ ဦးထပ်သေတယ်လို့ သိရပါတယ်။ အလောင်းတွေက ဒီမနက်အထိတော့ ရေပိုးစာဘုန်းကြီးကျောင်းထဲမှာပဲ ရှိသေးတယ်။ ဘယ်ကို ဆက်သယ်မယ်ဆိုတာ သတင်းမရသေးဘူး။ မနေ့က တိုက်ခိုက်ခံရပြီးတော့ အင်အား ထပ် တိုးထားတယ်လို့ သိရပါတယ်။ လက်ရှိရေပိုးစားမှာ အင်အားက ၃၀ ကျော်ရှိနေပါတယ်။” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၂ Black Hunter People’s Task Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နွေဦး လူငယ် People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ကြေးနီများတင်ဆောင်ပြီး ထွက်ခွာလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ် ရေကန်ကျေးရွာနှ့င် ငါးယှန်ကျေးရွာအရောက် ပဒေသာမိုင်း ၅ လုံးတွဲ တစ်တွဲ ၊ ၃ လုံးတွဲ ၁ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ တင်နီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ထပ်မံထွက်ခွာလာသော ကြေးနီကား ၈ စီး နှင့် Jammer ကားတစ်စီးပါယာဥ် တန်း အနက် ၈ စီးမြောက်လိုက်ပါလာသောJammer ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ထန်းလုံး မိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

 

“ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီးတင်ကားတွေနဲ့ လုံခြုံရေး ယူပေးတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲခဲ့ ၂ နေရာပါ။ နောက်ဆက်တွဲသတင်းက စုံစမ်းနေတုန်းပဲ၊ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျနော်တို့ရဲဘောတွေ ဘေး ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force နှင့် တောသား ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *