0
0
Read Time:1 Minute, 18 Second
မိုးသက်လေပြင်းကျရောက်ကျရောက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများကို မဝေငှနိုင်သေး (ရုပ်သံ)
D Day News
မေလ ၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ မိုးသက်လေပြင်းကျရောက် နေမှု ကြောင့် စစ်ဘေးရှောင် ပြည်သူများကို ထမင်းဝေငှ ပေးနိုင်ခြင်းမရှိသေးကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားသည်။
ယဗန့ မေလ ၁ ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည် သူများကို ထမင်းဝေငှရန် စီစဉ်နေစဉ် အပူလွန်ကဲရာက ဖြစ်ပေါ်လာသည့် မိုးသက်လေပြင်း တိုက် ခတ်နေမှုကြောင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
“မိုးမင်းကြီးကလဲ လုပ်ချလိုက်ပြန်ပြီဗျာ မီးဘေးသင့်ပြည်သူတွေအတွက် ထမင်းမဝေနိုင်သေးဘူး။ မီးဘေးသင့်လေးတွေရဲ့ မိုးကာတဲလေးတွေ ဘာမှ မဖြစ်ပါစေနဲ့” ဟု အညာပစ်တိုင်းလေးများအဖွဲ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ပြောဆိုထားသည်။
D Day News