Myeik News

0 0
Read Time:2 Minute, 2 Second

မြိတ်မြို့နယ်၊ တုံးဗျောကြီး စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

မေလ ၁

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် အထိုင်ချထား သော အကြမ်းဖက်စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး ခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မြိတ်မြို့နယ် ၊ တုံးပျောကြီးကျေးရွာ၌ အထိုင်ချထားသော စစ်ဆေးရေးဂိတ်စခန်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ မှ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း တုံးပျောကြီးကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန်ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည် သူ့ကာကွယ်ရေး ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၄၀ မမ ဗုံးသီး အလုံး ၂၀ ခန့် ပြန် လည်ပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တွင် တနင်္သာရီမြို့နယ်ပကဖ ရိုးမအဖွဲ့၊ တော ဗုံးကြီးအဖွဲ့ ၊တိုင်းပကဖလုံခြုံရေး၊တောင်ပံနီအဖွဲ့ ၊ကျွန်းစုပကဖ ၊ မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ ၊ ပု လော ပကဖနှင့် ၊ Dragon Squadဒ ရုန်းတပ်ဖွဲ့တို့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *