Maddayar &Chaung U News

0 0
Read Time:2 Minute, 53 Second

မတ္တရာမြို့နယ်တွင် အိမ်စီးကားဖြင့်ထွက်လာသော စစ်သားများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု စစ် ဗိုလ် တစ်ဦးသေဆုံး ၊ ချောင်းဦးမြို့၌ ၃ ထပ်တိုက်တစ်လုံးတွင်‌ နေရာယူထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၁

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အိမ်စီးကားဖြင့် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက်နေ့က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အကြမ်းဖက်စစ်သား ၁၀ ဦးသည် Alphard အမျိုးအစား ကားလေး ၁ စီးဖြင့် ကျောက်တံတားရွာသစ်မြောက်ဘက် သို့ထွက်လာစဉ် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ တိမ်းမှောက်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာ ရရှိသူများလည်း ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပ.က.ဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့ဘောလုံးကွင်းအနီး သုံးထပ်တိုက်တစ်ခုပေါ်တွင် နေထိုင်သော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ်အခြေစိုက် BLDF တပ်ခွဲ ထံမှ သိရသည်။

 

ဧပြီလ ၂၈ ရက် ည ၉ နာရီ ၄၇ မိနစ်အချိန်က ချောင်းဦးမြို့ဘောလုံးကွင်းမြောက်ဘက် ၃ ထပ်တိုက် ပေါ်တွေင် နေရာယူ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကြုဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ၊ အညာမိုင်း၊ မုံရွာ ခရိုင် တပ်ရင်း ၈ နှင့် မုံရွာ ခရိုင် တပ်ရင်း ၁၂ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *