Chaung U News

0 0
Read Time:5 Minute, 17 Second

ချောင်းဦးမြို့နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီတပ်သားများကို ၁၀ ကြိမ် မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၂၃ ဦးသေဆုံး

 

D Day News

မေလ ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်နှင့် အကြမ်း ဖက်စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာအ ကြမ်းဖက်စစ်သား ၂၃ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa  တပ်ဖွဲ့ ထံမှ သိရသည်။

 

ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ ၁ လတာကာလအတွင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ဖြစ်သော People’s Defence Force – South Monywa နှင့် မဟာမိတ်တော် လှန်ရေးအင်အားစု များ လက်တွဲ၍ မုံရွာ -ချောင်းဦးလမ်းမပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်၊ စစ်ကြောင်းနှင့် စစ်ယာဉ် တန်းများကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၁၀ ကြိမ် လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့တွင် ဂွေးပင်တောဘုန်းကြီးကျောင်းမှထွ က်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးမြို့နယ်၊ ရေပိုးစားကန်အနီးတွင် ၆၀ မမ အပါအဝင်၊ လက်နက်ငယ်များဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး နောက်ထပ် စစ်သား ၂ ဦး ထပ်မံသေဆုံး နောက် ဆက်တွဲစုံစမ်းဖော်ထုတ်ချက်အရ သိရသည်။

 

ဧပြီလ ၁၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်မှ ထွက်လာသောစခကင်းပုန်းများနှင့် စစ် ကိုင်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ရွှေငါးကားတစ်စီးကို နတ်ရေကန် နှင့် ငါးယှဥ်ကြားတွင် ပဒေသာမိုင်း ၂ လုံး ၂ ပွိုင့် ပေါင်း ၄ လုံးဖြင့် အောင်မြင်စွာ ဖောက်ခွဲ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်တပ် ဗိုလ်ကြီး တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၅ ရက်နေ့တွင် ချောင်းဦးမြို့ သစ်တောရုံးအတွင်းရှိ အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့နယ်၊ တောပုပျူရွာ မှထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့တွင် မုံရွာမြို့ နမခမှ ထွက်လာသော Jammer တပ်ဆင်ထားသည့် အကြမ်းဖက် စစ် ကားတစ်စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပဒေသာမိုင်း ၇ လုံး၊ ချောင်းဦးမြပုလဲဂိတ်မှ ထွက် လာသော Jammer တပ်ဆင်ထားသည့် စစ်ကားတစ်စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပဒေသာ မိုင်း ၆ လုံးတို့ဖြင့် အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ဧပြီလ ၂၅ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောပုပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို မုံရွေးတိုးဂိတ်အနီး၌ ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး နောက်ဆက်တွဲ စုံစမ်းဖောက်ထုတ်ချက်အရ ၂ ဦး ထပ်မံ သေ ဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၆ ရက်နေ့တွင် ချောင်းဦးမြို့အထွက်ရှိ မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ၊ ၈၀ မမ တို့ဖြင့် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၈ ရက်နေ့တွင် ချောင်းဦးမြို့၊ မြပုလဲဂိတ်မှထွက်လာသော Jammer တပ်ဆင်ထားသည့် အ ကြမ်းဖက်စစ်ကားတစ်စီးကို မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ပဒေသာမိုင်း ၂ လုံး၊ စစ်ကိုင်းမှ ထွက်လာ သော အကြမ်းဖက်စစ်တပ် ဖောကား ၅ စီးအနက် ၂ စီးကို မုံရွာ – ချောင်းဦးလမ်ပိုင်း၌  ပဒေသာ မိုင်း၂ လုံး ၁ ပွိုင့်၊ ၃ လုံး ၁ ပွိုင့်တို့ဖြင့် အောင်မြင်စွာဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက် သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့်လက်နက်၊ ခဲယမ်းပြန်လည် ဖြည့်တင်းနိုင်ရန် ရန်ပုံငွေ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသောကြောင့် တတ် စွမ်းသမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *