KNU News

0 0
Read Time:1 Minute, 54 Second

သထုံမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ရာဘာခြံ ၁၅ ဧက ပျက်စီး

 

D Day News

ဧပြီလ ၂၉

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးပြီး ရာဘာခြံ ၁၅ ဧက ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၂၇ ရက် ည ၉ နာရီ မိနစ် ၅၀ အချိန်က သထုံမြို့နယ်၊ အင်းရှည်ရွာ၌ အခြေစိုက်ထားသော အကြမ်းဖက်စစ်ကောင်စီ (အမ တ-၄၀၂) တပ်စခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဓနုကျေး နယ်၊ ဓါးရိုးရွာအနီးရှိ အရပ်သား ပြည်သူ လုပ်ငန်းခွင်ထဲ၌ ကျရောက်ပေါက်ကွဲပြီး ကွမ်းခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသော အသက် ၆၇ နှစ်အရွယ်ရှိ နောင်ဘိုရွာသား တီးရိုးအား လက်နက်ကြီး ကျည်စ ထိမှန်ကာ သေဆုံးသွား ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် ၎င်း တပ်စခန်းမှ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ် ခဲ့ရာ ကေအဲန်ယူ-သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာအနောက်ဘက် ဒေသအခေါ် အဝေါ် (ဃို့ဖိုးကော်ကုန်း) ရှိ အရပ်သားပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲပြီး ကော့လှိုင်းရွာ နေ တီးဂီလိ ပိုင်သော ရော်ဘာခြံ ၁၀ ဧကနှင့် စောမောင်ကသဲ ပိုင်သော ရော်ဘာခြံ ၅ ဧက တို့ မီး လောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ထိုနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ကလည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ (ခမရ-၉) တပ်စခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *