KNDF News

0 0
Read Time:2 Minute, 6 Second

KNDF တပ်ရင်း ၈ တွင် ဒုတပ်ရင်းမှူးတစ်ဦး အခြားဌာနတစ်သို့ ပြောင်းရွှေသွားသဖြင့် တပ်ခွဲ ၃ တပ် ခွဲမှူး “ဝိစတန်” ကို မဲစနစ်ဖြင့် ရွေးချယ်

 

ရန်ကုန်၊ ဧပြီ ၂၉

 

ကရင်နီပြည်နယ်အခြေစိုက် KNDF တပ်ရင်း ၈ မှ ဒုတပ်ရင်းမှူးတစ်ဦးသည် အခြားဌာနတစ်ခုသို့ တာဝန်ပြောင်းရွှေ့သွားသဖြင့် တပ်ခွဲ ၃ တပ်ခွဲမှူး ဝိစတန်ကို မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့က မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒုတပ်ရင်းမှူးနေရာကို တပ်ခွဲ ၃ တပ်ခွဲ မှူး ဝိစတန်က ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဒုတပ်ရင်းမှူးနေရာ ရွေးချယ်ခံရသူ ဝိစတန်သည် စကားနည်းပြီး အရှက်တရားကြီးကာ တိုက်ရည်ခိုက်ရည်ကောင်းမွန်ကြောင်း၊ အမိန့်နာခံမှုအား ကောင်းပြီး လက်အောက်ငယ်သား ရဲဘော်များကိုလည်း ချစ်ခင်တတ်ကြောင်း သိရသည်။

ကရင်နီအမျိုးသားကာကွယ်​ရေးတပ် KNDF အမှတ် ၈ တပ်ရင်းသည် အာဏသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်မှာ ၃ နှစ်ကျော်ရှိပြီး အသက်ပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ခြေလက်၊ အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ရဲဘော်များရှိကြောင်း အသိပေးထးသည်။

 

“ရဲဘော်တွေလည်းပင်ပန်းကုန်ပီအသက်​တွေလည်းအများကြီးပေးဆပ်ခဲပီ တစ်ချို့တွေက ခြေလက် တွေအိုးအိမ်တွေဆုံးရှုံးခဲပီးပီ ဒါပေမဲကျနော်တို့စိတ်ဓာတ်မကျဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အ နောက်မှာ ပြည်သူတွေဝန်ရံပေးနေလို့ပါ။ အခုလက်ရှိဖြစ်ပျက်နေတဲ့ စစ်ကောင်စီရဲ ယုတ်မာမူတွေ လူမဆန်စွာ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို ဒီကျနော်တို့ခေတ်မှာဘဲ အမြစ်ဖြတ်တိုက် ထုတ်သွားမှာ ဖြစ်ပါတယ်” ဟု KNDF တပ်ရင်း ၈ ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *