KIA News

0 0
Read Time:3 Minute, 41 Second

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ကို သိမ်းပိုက်ရရှိ၊ လက်နက်မချပဲ အသေခံတိုက်မှုကြောင့် စစ်သည် မိသားစုဝင် အမျိုးသမီး များပါ သေဆုံး

 

D Day News

ဧပြီလ ၂၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့သိမ်းတိုက်ပွဲအတွင်း၌ လက်နက်ချအညံ့ခံခြင်းမရှိပဲ အသေခံတိုက်ခိုက်နေမှုကြောင့် စစ်သည်မိသားစုဝင် အမျိုးသမီးများပါ သေဆုံးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေ ၆ နာရီခန့်က မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့စောင့်တပ်ဖြစ်သော အကြမ်း ဖက်စစ်ကောင်စီ၏ ခလရ ၁၄၁ တပ်ရင်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ချအညံ့ခံရန် ပြောဆိုသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိပဲ စစ်သည် မိသားစုဝင် အမျိုးသမီးများကပါ လက်ပစ်ဗုံးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ ရာ သေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

 

“ဆင်ဘိုမြို့ကို သိမ်းလိုက်ပြီ။ ၁၄၁ တပ်ကို သိမ်းလိုက်တာ၊ သေတဲ့အထဲမှာ မိန်းမတွေလည်း တော် တော်များများပါတယ်၊ လက်နက်ချခိုင်းတော့ လက်ပစ်ဗုံးနဲ့ ပြန်ပစ်လို့ သေတာတာ။ အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ မသိရသေး” ဟု KIA နှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ ဆင်ဘိုမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆင်ဘိုမြို့အတွင်းရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်နိုင်ခဲ့ကာ မြို့စောင့် တပ်ဖြစ်သည့် ခလရ ၁၄၁ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ ခုခံခြင်း၊ မြေပြင်အနေအထားအရလည်း ယင်းတပ်ရင်းစခန်မှာ ကွင်းပြင်အတွင်းဖြစ်နေသဖြင့် လေကြောင်းရန် ကာကွယ်ရန်၊ ချဉ်းကပ်ရန် အခက်အခဲဖြစ်နေသဖြင့် သိမ်းပိုက်နိုင်ခြင်းမရှိပဲ ယာယီပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ဧပြီလ ၂၆ နေ့တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဧပြီလ ၂၈ ရက် ညနေပိုင်းတွင် သိမ်း ပိုက်နိုင်ခြင်းဖြစ်သည်။

 

“လွင်ပြင်မှာ ထီးထီးဖြစ်နေတဲ့ တောင်ကုန်းမှာ အခြေစိုက်ထားတော့ ဗျူဟာအခင်းအကျင်းတွေ ပြောင်းပြီးတိုက်မှ အခုပြန်ရတာ၊ ရန်သူ မထွက်ပြေးဘူး။ တိုက်ခိုက်ချေမှုန်းတာ” ဟု KIA နှင့် နီးစပ်သူ သတင်း ရင်းမြစ်က ပြောဆိုသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲသည် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေသည့် ကြားမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုရှိသော်လည်း မည်မျှ သေဆုံးသည်၊ သိမ်းဆည်းရရှိသည် ကိုတော့ မသိရသေးပေ။

 

ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း၊ ယင်းတိုက်ပွဲကောင့် မြို့နေပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *