UN News

0 0
Read Time:7 Minute, 39 Second

အာဏာသိမ်းစစ်တပ်၏ လက်နက်ပိုင်ဆိုင်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ရန် အတွက် ဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းဖြင့် စစ်တပ်မှ ခံစားခွင့်ရရှိ နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်း ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

 

D Day News

ဧပြီလ ၂၈

 

အာဏာသိမ်းစစ်တပ်၏ လက်နက်ပိုင်ဆိုင်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ရန် အတွက် ဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းဖြင့် စစ်တပ်မှ ခံစားခွင့်ရရှိ နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်း ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။

 

ဧပြီလ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံ ရေး ကောင်စီ၌ “Preventing conflict-related sexual violence through demilitarization and gender-responsive arms control” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် CRSV ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် အတွက်မျှသာ လက်နက်များ လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြစ်သည်ကို မိမိတို့ မျက်မြင် ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း၊ စစ်တပ်၏ CRSV နှင့် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်မှုများအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကောင်းစွာ မှတ်တမ်းပြုထားကြောင်း၊ ထို့ကြောင့် မိမိထပ်မံမပြောကြား တော့ပါ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည်။

 

စစ်တပ်၏ အမျိုးအမည်စုံလင်ကွဲပြားသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်သူ များအနေဖြင့် မြောက်များစွာသော ဒုက္ခများကို ရင်ဆိုင်နေရကြောင်း၊ ပြည်သူ ၂.၈ သန်း ကျော်မှာ ပြည်တွင်း နေရပ် စွန့်ခွာသူများဖြစ်နေရပြီး ၁၉ သန်းခန့်သော ပြည်သူများအနေ ဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်နေကြောင်း၊ ၈၅,၀၀၀ ကျော်သော ပြည်သူ့အိုးအိမ်များမှာ မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

 

ယင်း ဒုက္ခဆင်းရဲများအပြင် စစ်တပ်၏ တရားမဝင်သော အဓမ္မစစ်သားစုဆောင်းရေးကြောင့် ပြည်သူများ၏ ဒုက္ခမှာ အဆမတန် တိုးပွားလျက်ရှိကြောင်း၊ အဆိုပါ မတရား အဓမ္မစစ်သား စုဆောင်းမှုအား ရှောင်တိမ်းနိုင်ရန် မိန်းကလေးငယ်များ အပါအဝင် လူငယ်အများစုမှာ ပုန်းခို နေရခြင်း၊ နိုင်ငံအတွင်းက ထွက်ပြေးနေရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ချိန်မှ စတင်၍ အာဏာသိမ်းစစ်တပ်အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက် စက်ကြမ်းကြုတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပို၍မြင်သာလာခဲ့ပြီး စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ကြောင်း၊ မတရားစစ်အာဏာသိမ်းထားသည့် ကာလ တစ်လျှောက်တွင် အမျိုးသမီးများနှင့် လူငယ်များအနေဖြင့် အာဏာသိမ်းစစ်တပ်အား ခုခံတွန်းလှန် သည့် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လျက်ရှိသောကြောင့် စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းဖြင့် စစ်တပ်မှ ခံစားခွင့်ရရှိ နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်း ပေးရန်၊ စစ်တပ်မှ ပဋိပက္ခတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန် ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရား မျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါ ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ် ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ရပ်တန့်ရမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် တရားမဝင် အာဏာသိမ်းစစ်တပ်ထံသို့ ငွေကြေး၊ လက်နက်နှင့် တရားမှုများဖြတ်တောက် ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နယ်စပ်မှ တဆင့် ထောက်ပံ့သည့် လမ်း ကြောင်းအပါအဝင် အခြားသော ရရာလမ်းကြောင်းများ အသုံးပြုကာ ရေရှည် တည်တံ့၍ ကြိုတင် မှန်းဆ နိုင်သည့် နည်းလမ်းများဖြင့် လိုအပ်နေသူများထံ တိုက်ရိုက်ထောက်ပံ့ပေးရန်၊ အမျိုးသား ညီညွတ်ရေး အစိုးရအား ထိရောက်သော နိုင်ငံရေး၊ သံတမန်ရေးနှင့် ငွေကြေး ထောက်ပံ့မှုများဖြင့် ပံ့ပိုးကူညီပေးရန်၊ စစ်အာဏာရှင်ကျဆုံးရေးအတွက် လိုအပ်သည့် စွမ်းဆောင် ရည်များ မြှင့်တင် ပေးရန် ဆက်လက်တောင်းဆိုထားသည်။

 

အဆိုပါ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊​ ဧပြီလအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်လျက်ရှိ သော မော်လ်တာနိုင်ငံမှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten၊ Darfur Women Action Group တည်ထောင်သူ ဥက္ကဋ္ဌ Ms. Niemat Ahmad နှင့် United Nations Entity for Gender Equality and the Empowerment of Women (UN-Women) ၏ Goodwill Ambassador Ms. Danai Gurira တို့က ဆွေးနွေးသူများအဖြစ်ပါဝင်ကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ “Conflict-related sexual violence” အစီရင်ခံစာကို အခြေခံ လျက် ပဋိပက္ခအတွင်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု အခြေအနေများနှင့် စိန်ခေါ်မှုများကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ ကိုယ်စား လှယ်များလည်း တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *