Salin News

0 0
Read Time:1 Minute, 32 Second

ကပစ ၂၀ ကို အင်းအားဖြည့်သွားသည့် စစ်ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

ဧပြီလ ၂၈

 

မကွေးတိုင်း၊ စေတုတ္တရာမြို့ရှိ ကပစ ၂၀ တပ်ကို အင်အားဖြည့် ထောက်ပို့သွားသည့် စစ်ကား တစ် စီး ကို မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defense Force – Salin ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက် ညနေ ၅ နာရီ ၃၅ မိနစ်က စလင်းမြို့မှ စေတုတ္တရာမြို့ရှိ ကပစ ၂၀ ကို အင်အားဖြည့် ထောက်ပို့ပေးရန် သွားရောက်သည့် အကြမ်းဖက်စစ်သား ၁၈ ဦးပါ ကားတစ်စီးကို ကံပြား – စေတုတ္တ ရာလမ်းမပေါ် ကံပြားရွာအနောက်အရောက် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့မလှမ်းမကမ်းအရောက် ရပ်တန့်သွားကြောင်း သိရသည်။

 

ထို့သို့ ရပ်တန့်သွားသည့် ကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေ ဆုံး ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကံပြားစခန်းမှ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင် တိုက်ပွဲဖြစ်ရာနေရာသို့ဆိုင်ကယ် ၆ စီး၊ ကားကြီးတစ်စီးနှင့် စစ်ကူလာသဖြင့် တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *