Myintkyina Jail News

0 0
Read Time:3 Minute, 44 Second

မြစ်ကြီးနားထောင် ဖြစ်စဉ်တွင် နိုင်ငံရေး အကျဉ်းသား ၂ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ထောင်ဆရာ ဝန် အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးခံရ

 

D Day News

ဧပြီလ ၂၇

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှု တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ထောင်ဆရာဝန်အပါအဝင် ထောင်ဝန် ထမ်း ၅ ဦးကို ဖမ်းဆီးခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM

ထံမှ သိရသည်။

 

ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီပေးသည့် လျော့ရက် ခံစားခွင့် ၆ ပုံ ၁ ပုံတွင် အကျုံးဝင်သော်လည်း လွတ်‌မြောက်သည့်အထဲတွင် မပါဝင်သည့် အတွက် အ ကျဉ်း ဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများအချင်းများရာမှ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆန္ဒပြမှုအား ဖြိုခွင်းရန်အတွက် ရဲနှင့်စစ်သားအင်အား ၇၀ သည် ယာဉ်တန်း ၅ စီးဖြင့် အကျဉ်း ထောင်အတွင်းသို့ ဝင်ရောက်ကာ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်မှစတင်၍ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်ဖြိုခွင်းခဲ့ရာ အသက် (၂၄) နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးဝင်း၊ အ သက် (၂၂) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်ထွန်း၊ အသက်၄၂ နှစ်အရွယ် အခြားအ ကျဉ်း သား ဦးညွန့်ဌေးနှင့် အသက်(၄၃)နှစ်အရွယ် အခြားအကျဉ်းသား ဦးထွန်းဝင်းတို့ သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ အခြား အကျဉ်းသားတစ်ဦးဖြစ်သူ ကိုယိန်းဘောမ် လည်း ဧပြီလ ၂၁ ရက်နေ့ တွင်ထပ်မံသေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြမှုဖြစ်စဉ်အပေါ် အကျဉ်းထောင်တာဝန်ခံနှင့် ထောင် ဝန်ထမ်းများမှ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိပဲ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ထိုသို့အကြမ်း ဖက်ဖြိုခွင်းမှုတွင် အကျဉ်းဦးစီးဝန်ထမ်းအပြင် ရဲတပ်သားနှင့် စစ်သားများပါ ပူးပေါင်း၍ အကျဉ်းသား များကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ပြောဆိုထားသည်။

 

ဆန္ဒပြမှုတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်း သား ၁၉ ဦး ကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ရန် ပြင်ဆင်နေကြောင်း၊ ထို့ အပြင် အဆိုပါအကျဉ်းသားများအတွက် ပါဆယ်ပို့ခွင့်လည်း ပိတ်ခံထားရကြောင်း သိရသည်။

 

အကျဉ်းထောင်အတွင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီလ ၂၄ ရက်နေ့က ထောင်ပိုင်လေး ကျော်မင်းဦး၊ ထောင်ဆေးရုံ ဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ၅ ဦး ဖမ်းဆီး အရေးယူခံထား ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *