Ma Hlaing News

0 0
Read Time:1 Minute, 44 Second

မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၇

 

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း -နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခန့်က မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးခန့်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်တွင် သရက်ကောင်းပင်ရွာမှ ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့် ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို ရွာသာအေးကျေးရွာအရောက် ဒရုန်းဖြင့် ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *