Karen State News

0 0
Read Time:2 Minute, 16 Second

ာပွန်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

 

D Day News

ဧပြီလ ၂၆

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ အတည်ပြုထုတ်ပြန်သည်။

 

ဖာပွန်မြို့သိမ်းစစ်ဆင်ရေးကို မတ်လ ၁၉ ရက်နေ့က စတင်ခဲ့ရာ မတ်လ ၂၄ ရက်နေ့အထိ ဖာပွန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်း၊ ကင်းစခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့ တွင် ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

 

ကျန်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၄ တပ်ရင်းအား တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက် နက်ခဲ ယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် ခလရ ၁၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖာပွန်မြို့သိမ်းစစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG ၊ ကာ ကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *