Chin State News

0 0
Read Time:2 Minute, 57 Second

မင်းတပ်မြို့နယ်၊ ဝမ္မတိုက်နယ် သူးဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံလုံးဝပျက်စီး

 

D Day News

ဧပြီလ ၂၆

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးအထက်ဒဏ်ရာရရှိကာ ဆေးရုံ အဆောက်အဦ လုံးဝပျက်စီးခဲ့ကြောင်း CDF Mindat ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၅ ရက် ည ၈ နာရီခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ရှိ ဝမ္မသူးဆေးရုံကို အ ကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအတွင်း ဆေးကုသမှုခံ ယူ လျက်ရှိသည့်အရပ်သား ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးအထက်ဒဏ်ရာရရှိပြီး ဆေးရုံအဆောက် အအုံမှာ လုံးဝရစရာမရှိအောင် ပျက်စီးသွားကြောင်း သိရသည်။

“ ဆေးရုံတက်နေတဲ့ ပြည်သူ ၄ ဦးသေတယ်၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်။ ဆေးရုံကတော့ လုံးဝရစရာမရှိတော့တဲ့အနေအထားပါ။ မနေ့က တနေကုန်၊ တစ်ညလုံး နီးပါး တိုက်ခိုက်တယ်လို့ ပြောလို့ရပါတယ်။ မြိုု့နယ်အတွင်းမှာ ဘာတိုက်ပွဲမှ မရှိပါဘူး” ဟု CDF Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဝမ္မသူးကျေးရွာသည် အကြမ်း ဖက်စစ် ကောင်စီ၏ နိုင်ငံတော်ကောင်စီဝင် ဦးမောင်းဟာ၏ ဇာတိကျေးရွာဖြစ်ပြီး လက်ရှိကာလ၌ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ယောဒေ၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ် စသည့်ဒေသမှ လူနာများမှာ ဝမ္မသူးတိုက်နယ်ဆေးရုံကို အဓိက တက်ရောက်ကုသမှုခံယူ နေကြရ ကြောင်း သိရသည်။

 

အဆိုပါ ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများကိုလည်း အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုရှိခဲ့ရာ ထိခိုက်ပျက်စီးမှုရှိပြီး မည်မျှထိခိုက်ပျက်စီး ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိရသေးကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ အ တွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊Y12 အမျိုးအစားလေယာဥ်ဖြင့် ၅ ကြိမ် (တစ် ကြိမ်ကျဲ လျှင် ဗုံးသီး ၁၀ လုံးနှုန်းဖြင့် ) တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *