Yangon PDF News

0 0
Read Time:3 Minute, 24 Second

ဝေါမြို့နယ်၊ သပြေကန်စစ်ဆေးရေးဂိတ်နှင့် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ကူးတံတားစစ်ဆေးရေး ဂိတ် ၂ ခု တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဧပြီလ ၂၅

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သပြေကန်စစ်ဆေးရေးဂိတ်နှင့် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း PDF Khayan ထံမှ သိရသည်။

 

ဧပြီလ ၂၃ ရက် နံနက် ၄ နာရီမိနစ် ၃၀ အချိန်မှစ၍ ဝေါမြို့နယ်၊ သပြေကန်စစ်ဆေးရေးဂိတ်ရှိ အ ကြမ်းဖက်စစ်သားများနေထိုင်ရာ အဆောက်အအုံအတွင်းသို့ ဗုံးသီး ၃ လုံး ၂ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ကူးတံတား မုပ္ပလင်ဘက်ခြင်းရှိ စစ်ဆေးရေးဂိတ် ဘန်ကာများပေါ်သို့ ဒရုန်းဖြင့် ဗုံဂသီး ၆ လုံး ၃ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုသည် ၆ နာရီအတွင်း တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကူလာရောက် နိင်သည့် လမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း လာရောက်ခြင်းမရှိပဲ ၎င်းတို့၏ အထိုင်စခန်းများအတွင်းမှသာ လက်နက်ငယ်များ၊ ၈၁ မမ၊၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စနိုက်ပါများဖြင့်သာ ပြန်လည်တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

“သပြေကန် စစ်တောင်း တံတား စစ်ဆေးရေးဂိတ် နဲ့ စခတွေ တပ်စွဲထားတဲ့ နေရာတွေကို ပြင်းအား မြင့် ဗုံးသီး ၉ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ကြောက်နေပါပြီ ကြောက်ကန် ကန်ပြီး လက်နက်ကြီးနဲ့ အပြစ်မဲ့ ပြည်သူတွေရှိတဲ့ နေရာတွေကို ပစ်တယ်။ အပြင်တောင် မထွက်ရဲ ကြတော့ ဘူး။ သတ္တိရှိတဲ့ စစ်တပ်ဆို ပြည်သူတွေကို မထိခိုက်စေတဲ့ တိုက်ခိုက်မှုပဲ လုပ်ပါလို့ ပြောချင်ပါ တယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိတယ်။ သူတို့ထိလို့ပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ။” ဟု ရန်ကုန် တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်တောင်းမြစ်တံတားကို နံနက်ပိုင်းအသွားအလာ ပိတ်ဆို့ခဲ့ပြီး အ ကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ အသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု KNLA ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁) ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၂) ၊ PDF-Khayan (ပကဖ ခရမ်း) ဒရုန်းတပ်ဖွဲ့ ၊ (ပကဖ တွံတေး) ဒရုန်းတပ်ဖွဲ့ ၊ သေမင်းတမန် (HOD) တပ်ဖွဲ့ ၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ် ပြီး နံနက် ၁၁ နာရီတွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *