Nathogyi News

0 0
Read Time:2 Minute, 5 Second

ဝက်လူရဲစခန်းမှ ထွက်လာသော စစ်သား၊ ရဲများကို တိုက်ခိုက်၊ကျန်ခဲ့သည့်ကားကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၅

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ် သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ကားထားပြီး ထွက်ပြေးသွားသဖြင့် ကျန်နေခဲ့သည့်ကားကို မီးရှို့ ဖျက် ဆီး ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှ အိမ်စီးကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ဝက်လူးကျေးရွာအတွင်း၌ ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲများမှာ ကားထားပြီး ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသည့် ကား ၂ စီးပေါ်မှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံးနှင့် ငွေသားအချို့သိမ်းဆည်း ကာ ကားကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကားပေါ်မှာက ၂ စီးဆိုတော့ ၈ ကောင်လောက်တော့ပါမယ်။ စခရော၊ ရခ ရောပါမှာပေါ့။ သူတို့ ဘက်က ရမ်းပစ်ခတ်တာလောက်ပဲရှိတယ်။ ဘာမှ ပြန်မပစ်ပဲနဲ့ ထွက်ပြေးသွားတာ။ ထိခိုက်မှု ကတေ့ များတယ်။ သေဆုံးတာရှိမရှိကတော့ စုံစမ်းဆဲပါပဲ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defence Force နှင့် နွားထိုးကြီး ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *