Kokang News

0 0
Read Time:2 Minute, 55 Second

အာဏာအလွှဲသုံးစားလုပ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူ စစ်တပ်အရာရှိ ၃ ဦးကို လူမြင်ကွင်းရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ကာစီရင် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၅

 

အာဏာအလွှဲအသုံးစားလုပ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို MNDAA တပ်ဖွဲ့က ခုံရုံးတင် စစ်ဆေးကာ အဓိက ကျူးလွန်သူ ၃ ဦးကို သေဒဏ်ချမှတ်ပြီး လူမြင်ကွင်းရှေ့၌ သေနတ်ဖြင့် ပစ်ခတ် ကာစီရင်လိုက်ကြောင်း သိရသည်။

 

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စိုးမိုးအုပ်ချုပ်နယ်မြေအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ခဲယမ်းခိုးယူရောင်းချမှုစသည့် ရာဇဝတ်များကို ကျူးလွန်သူ ၁၀ ဦးကို ခုံရုံး တင်စစ်ဆေးကာ ပေါ်ပေါက်ချက်အရ အဓိက ကျူးလွန်သူ ၃ ဦးကို ချက်ချင်းကွက်မျက်ရန် တရားရုံး က ဆုံးဖြတ်ခဲ့ပြီး လူမြင်ကွင်းရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ကာကွက်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဒဏ်ချမှတ်ခံရသူများမှာ အသက် ၃၀ ကျော်အရွယ်လူငယ်များဖြစ်ပြီး ၎င်းတို့သည် ရည်ရွယ်ချက် ရှိရှိလက်စားချေလူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ လက်ခဲယမ်းခိုးယူရောင်းချင်းတို့တွင် အဓိက ကျူးလွန်သူများဖြစ်ကြောင်း၊ ဒုတပ်ရင်းမှူး၊ နိုင်ငံရေးအဆင့်အထိ MNDAA ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ကျန်ရှိနေသော အကျဉ်းသားများကို ထောင်ဒဏ်အသီးသီးချမှတ်ကာ အကျဉ်းထောင်ပို့ ဆောင်လိုက်ကြောင်း၊ အဆိုပါ ကြားနာပွဲအား ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး လူဦးရေ တစ်ထောင်ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လူမြင်ကွင်းရှေ့၌ အပြစ်ပေးရခြင်းမှာ စစ်ရာဇဝတ်မှုများကို တားဆီးရန်နှင့် တရားမဝင် ရာဇ ဝတ်မှုများတွင် ပြည်သူများပါဝင်မှုမရှိစေရန်အတွက် အသိပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း၌ MNDAA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ MNDAA က အုပ်ချုပ်ရေးလုပ်ငန်းများကို တင်းတင်းကြပ်ကြပ်ကိုင်တွင်လုပ်ဆောင်နေကြောင်း၊ ထို့အပြင် တပ်တွင်း၌လည်း ဥပဒေနှင့်အညီ တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *