Shwe Bo News

0 0
Read Time:1 Minute, 35 Second

ရွှေဘိုမြို့နယ်၊ ချီပါရွာသို့ ရောက်ရှိနေသော စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၄

 

စစ်ကိုင်းတိုင်း၊ ‌ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ ၇ ရက်ကြာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ် ကြောင်း ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၈ မိနစ်ခန့်မှ ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ထိ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ ၇ ရက်ကြာ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့ ခမရ ၁၁ မှ စစ်ဗိုလ် ၁ ဦးအပါအဝင် အကြမ်းဖက် စစ် ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ PDO အဖွဲ့နှင့် မြို့နယ် ပကဖ လက်ရုံး Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *