Nathogyi News

0 0
Read Time:2 Minute, 46 Second

နွားထိုးကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားရာနေရာ ၄ ခုကို  ဗုံးကျဲပစ်ခတ် တိုက် ခိုက်မှုစစ်သား ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၄

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့ပေါ်ရှိ ဆောက်လုပ်ရေးရုံးနှင့် အေး ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ စခန်းထဲပြေးဝင်သွားပြီး ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် နွားထိုး ကြီးမြို့နယ်- ပ က ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကိုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာစာသင်ကျောင်းနှင့် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၃၂၀ တွင်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာ စာသင်ကျောင်းအ တွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Fix Wing ဒရုန်း ဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်-မန်းလေး အမြန်လမ်းမကြိး မိုင် တိုင်အမှတ် ၃၂၀ တွင် ဂိတ်ဖွင့်ကာ ပြည်သူများ အပေါ် ငွေညစ်တောင်းခံနေသော အကြမ်းဖက် စစ်သားများကို ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ NPDF ၊ Myingyan District Drone Strike MDDS နှင့် MHLG Wings အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *