Myingyan News

0 0
Read Time:5 Minute, 7 Second

မြင်းခြံမြို့နယ်ရှိ ကြည်ရွာစခန်းသိမ်းတိုက်ပွဲအပါအဝင် စစ်တပ်နေရာ ၄ ခုကို ရှော့တိုက်ဒုံး၊ ဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်မှု အရာရှိတစ်ဦး အပါအဝင် စစ်သား၊ ပျူ ၁၉ ဦးသေဆုံး၊ ၅ ဦးအရှင် ဖမ်းမိ

 

D Day News

ဧပြီလ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကြည်ရွာစခန်းသိမ်းတိုက်ပွဲအပါအဝင် စစ်တပ်နေရာ ၄ ခုကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် အကြမ်းဖက်စစ်သား၊ ပျူ ၁၉ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့က မြင်းခြံမြို့နယ်မြောက်ဘက်၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက် စစ်သား၊ ပျူ ၆၀ ခန့်အထိုင်ချတပ်စွဲထားသော ကြည်ရွာကို တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ကာ အ ကြမ်းဖက်စစ်သား၊ ပျူ ၁၅ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် ၆ဝ မမ အထိုင်ပြောင်း ၁ လက် ၊ ၆ဝ မမ ဗုံးသီး ၉ လုံး MA 3 သေနတ် ၂ လက် ၊ ၅.၅၆ ကျည် (ကပစ) ၁၂၅ တောင့် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်တပ် စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှင်းလင်းရေး ပြုလုပ်နေစဉ် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် တပ်ကူများ ရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း၊ ယင်းတိုက်ပွဲတွင်မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းမှ စစ်ဆင်ရေးအရာရှိ ရဲဘော် အာကာမင်း တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ ရဲ ဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၀ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ အထိုင် တပ်ရင်းဖြစ်သော ခမရ ၁၅ အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အဝင်ဂိတ်ရှိ ကင်းတဲအား ထိမှန်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ရှော့တိုက်ဒုံးများပစ်ခတ်ပြီးနောက် ခမရ ၁၅ အတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၀ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံ ရေနက်ဆိပ်ကမ်းရှိ စစ်သင်္ဘော ၂ စီးနှင့် အကြမ်းဖက်စစ်သားများ နေထိုင်သောရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောဘေး ကမ်းစပ်ထိမှန်ပြီး အကြမ်းဖက်စစ် သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ဒရုန်းများဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများနေထိုင်ရာ ဘားတိုက်ပေါ်နှင့် စစ်သင်္ဘောပေါ်ရှိ ထိန်းချုပ်ခန်းအား ဗုံးသီးထိမှန်ခဲ့ ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများက ပြန်လည်ပစ်ခတ်သော ကျည်စရှပ်ထိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ဆီမီးခုံမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ဒရုန်းများဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် များနေထိုင်သော ဘားတိုက်ပေါ်သို့ ဗုံးသီးထိမှန်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် သင်္ဘောပေါ်မှ ပြန်လည် ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်တပ်ရင်း (PDF – Taloke, MGN Tiger, Myingyan Ranger, MGN 21) ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ Burmese Guerrilla Force – BGF (Myingyan) ၊ Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့) ၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ MP9၊  Myingyan Danger Dynamite တပ်ဖွဲ့နှင့် မိုင်းဇာနည်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဆင်မင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *