Myingyan News

0 0
Read Time:4 Minute, 7 Second

မြင်းခြံမြို့နယ်အတွင်း မွှေနှောက်မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကြောင်းကို ၂ ကြိမ် တိုက် ခိုက်မှု ၇ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်း၊ ညောင်ဒို၊ ရန္တပို၊ ကိုင်းရွာများကို စစ်ကြောင်းထိုး မွှေ နှောက်ပြီး ကိုင်းရွာကို မီးရှို့ကာ ဆက်လက်ထွက်ခွာလာသည့် စစ်ကြောင်း ကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ဂင့်ဂဲရွာ အရှေ့ဖက်ရှိ သိမ်ဒိုင်ရွာနှင့် ရွာသစ်ရွာ ၂ ရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို Myingyan Black Tiger -MBT တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်း စစ်ကြောင်းတို့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများမှာ  ဖရိုဖရဲဖြင့် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ဆုတ်ခွာထွက် ပြေးသွားသည့် စစ်ကြောင်းအနက် စစ်ကြောင်းတစ်ကြောင်းသည် မရိုးကုန်းရွာအနောက်ဘက်သို့ ရောက်ရှိကာ ပိတ်နေစဉ်  MBTတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ကြောင်းမှ နောက်တစ်ကြိမ်ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ရာ ၁ နာရီ ခန့်အကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးကာ ၃၀ ဦးကျော်ဒဏ်ရာရရှိပြီး ဖရိုဖရဲဖြင့် ဇလပ်ကုန်းရွာဘက်သို့ ဆုတ်ပြေးသွားကြောင်း သိရသည်။

“မနက် ၈ နာရီလောက်မှာ MBT တပ်ဖွဲ့စစ်ကြောင်း ၂ နဲ့ စကစတပ်နဲ့ ပထမဦးဆုံးတိုက်ပွဲဖြစ်တာ။ ၂ နာရီလောက်ကြာပြီး ဒီကောင်တွေဘက်က ပြန်ဆုတ်သွားတာ။ နောက်ထပ် မရိုးကုန်းရွာရဲ့ အနောက် ဘက်မှာ ပိတ်မိနေတယ်ဆိုပြီးသတင်းရတာပေါ့၊ အဲဒါကြောင့် MBT တပ်ဖွဲ့ စစ်ကြောင်း ၁ ကနေပြီး တော့ နောက်ကနေလိုက်ပြီးတော့ ပြန်တိုက်တာ၊ အဲဒါကလည်း ၁ နာရီကျော်ကျော်လောက် တိုက်ပွဲ အပြင်းအထန်ဖြစ်လိုက်တယ်။ အဲဒီမှာ ပြန်ပြီးတော့ ထွက်ပြေးသွားတာ။” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBTတပ်ဖွဲ့နှင့်အတူ ငါးဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့ (LPDF)တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာတိုက်ခိုက်၍ ပြန်လာသော မဟာမိတ်ပူးပေါင်းစစ်ကြောင်းကို ကျေး ရွာ ၅ ရွာရှိ စစ်ဘေးရှောင် ပြည်သူများက သောင်းသောင်းဖြဖြကြိုခဲ့ကြောင်း သိရသည်။

 

“သေသွားတဲ့ စစ်ခွေးက ၇ ကောင်ရှိတယ်၊ ၃၀ ကျော်ဒဏ်ရာရတယ်။ အဲဒီနေ့က လူနာတွေရော၊ သေတဲ့ အလောင်းတွေရော ဖောကားနဲ့ ဆမီးခုံကို သယ်သွားတယ်။ လောလောဆယ် မြင်းခြံဘက်က လဝန်းအိမ်ဆီဆိုင်နားတွေမှာ အင်အား ၈၀ လောက်ရှိတယ်၊ ဘယ်ဘက်ကို တက်မယ်တော့ မသိ သေးဘူး၊ လောလောဆယ်အနေအထားပေါ့၊ အတိုက်ခံရတဲ့စစ်ကြောင်းကတော့ ဆမီးခုံထဲပြန် ဝင် သွား ပြီ။ အဲဒါကသပ်သပ်ပေါ့၊ အခုလောလောဆယ်တော့ မြင်းခြံက လဝန်းအိမ်ဆီဆိုင်နားတွေမှာ ရှိနေတုန်းပါပဲ၊” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆို သည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် MBT တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်း၌ မီးရှို့ခံရသည့် ကိုင်းရွာနေပြည်သူများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီရှိကာ အရေးပေါ် နေရေး၊ စားရေး၊ ဆေးဝါးအကူညီများလိုအပ် လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *