Mying News

0 0
Read Time:7 Minute, 26 Second

မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်မှု ရဲအုပ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံး၊ ရဲအုပ်တစ်ဦးအပါအဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

D Day News

ဧပြီလ ၂၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ရဲအုပ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ရဲအုပ်တစ်ဦးအပါအဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်းမြိုင်ပဖကထံမှ သိရသည်။

 

ဧပြီလ ၁၄ ရက် နံနက် ၅ နာရီခန့်တွင် မြိုင်မြို့၏တောင်ဘက် ၂ မိုင်ကျော်ခန့် အကွာရှိ စက်မှု ၂ မှ ထွက်ခွာလာခဲ့သည့် စစ်ကြောင်းသည် မြိုင်မြိုနယ် ဝက်ပုတ်ပျူကျေးရွာသို နံနက် ၁၁ နာရီကျော် အချိန်တွင် ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ဆက်လက်ထွက်ခွာ လာရာ ပေါက်မြို့နယ် ဆေးပင်ကြီးကျေးရွာနှင့် ကျောက်မဏ္ဍပ် တောလျှိုမြှောင်အတွင်းသို့ ရောက်ရှိ စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၄ ရက် ညနေ ၅ နာရီကျော် အချိန်တွင် ဖလန်ကိုင်းရေနံမြေသို့ ထွက်ခွာလာခဲ့ပြီး ဧပြီလ ၁၅ ရက် နံနက် ၁၁ နာရီကျော်အချိန်တွင် အင်အား ၄၀ ကျော်ဖြင့် ဖလန်ကိုင်းကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ဧပြီလ ၁၅ ရက် ည ၁၁ နာရီအချိန်မှစတင်၍ ဒရုန်းဖြင့် ဗုံးသီးမြောက်များစွာ ကြဲချတိုက် ခိုက်ခဲပြီး ဧပြီလ ၁၆ ရက် ည ၁၁ နာရီအချိန်မှ နံနက် ၄ နာရီ မိနစ် ၃၀ အချိန်အထိ လည်းကောာင်း၊ ဧပြီလ ၁၇ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်အထိလည်းကောင်း ဒရုန်းဖြင့်ဗုံးသီး ၈၀ ထက်မနည်းကြဲချတိုက်ခိုက်ခဲ့ရာ ရဲအုပ်သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ ၅ ဦး နေရာတွင် ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၈ ရက် ည ၈ နာရီအချိန်တွင် ဖလံကိုင်းနယ်မြေသို့ ရောက်ရှိပြီး ပုန်းလျှိုးကာ ပြန်လည်ထွက် လာခဲ့သဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ရဲ၊ စစ်သား အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းမှာ ဖလန်ကိုင်း ကျေးရွာအတွင်း၌ ပျောက်ကွယ်သွားသဖြင့် ရော့ခ်ကဒ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးသီးများဖြင့် မှန်းဆ ၍ ကြဲချတိုက်ခိုက်ခြင်းတို့ကို ဧပြီလ ၂၁ ရက် ည ၁ နာရီကျော်အထိ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီး အလုံးပေါင်း ၁၀၀ ထက်မနည်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၅ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်သားများ ခိုးအောင်းနေနိုင်သည့် နေရာများကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်မဏ္ဍပ်အနီး၌ မသင်္ကာ ဖွယ်ရာ လက်နက်ကိုင် ၆ ဦး တွေ့ရှိသဖြင့် ဝိုင်းဝန်းပစ်ခတ်ရာ ဒဏ်ရာအသီးသီးရရှိပြီး လက်နက်များ နှင့်တူဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရရှိသူများမှာ ဖလန်ကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အောင် အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆေး တာဝန်ခံ နှင့် ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးလျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ လမ်းညွှန်ချက်၊ စစ်သုံပန်းထိန်းသိမ်းရေးဥပဒေတို့နှင့်အညီ ဆက်လက်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း G-3 သေနတ် ၄ လက်၊ ၎င်းကျည်ဘောက် ၄ ဘောက်၊ G-3 ကျည် အ တောင့် ၃၀၀ ၊ 79 သေနတ် ၁ လက်၊ ၄၀ မမ ကျည် ၁၀ လုံး၊ AK သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ၎င်းကျည် ၇၂ တောင့်၊ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၁  ဘောက်၊ ၎င်းကျည် အတောင့် ၄၀၀ ၊ BA-94 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ၎င်းကျည် ၂၅၂ တောင့်၊ လက် ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၈ လုံး၊ ပါဝါဘတ် ၁ လုံး၊ ပတ်တီး ၂ ခု၊ ဓားမြှောင် ၂ ချောင်း၊ ဓာတ်မီး ၁ လက်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပွိင့် ဖိနပ် ၃ ရံ၊ ကျည်ကာအိင်္ကျီ ၇ ထည်၊ နာရီ ၁ လုံး၊ ငွေကျပ် -၁၄၄၈၅၀ ကျပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီး၍ မြိုင်ပကဖအဖွဲ့ဝင်များဖြစ်သော Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့နှင့် ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူမကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့နယ်၊ သရက်ကွပျူရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၁ ရက် ညနေ ၄ နာရီမှ ၈ နာရီခန့်အထိ မြိုင်မြို့နယ်၊ သရက်ကွပျူကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ  ဧပြီလ ၂၁ ရက် နံနက် ၈ နာရီခန့်မှ ၁၀ နာရီခန့်အထိ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှ စခန်း အတွင်းရှိ အထိုင်ကင်းကို  အီနာဂါဗုံးသီး ဗုံးသီး ၁၀ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဖိုက်ဘာ (hat) အုပ်ထုပ် ၂ လုံး၊ MA ကျည်ဘောက် ၁ ဘောက်၊ ၅.၅၆ ကျည် ၁၃ တောင့်၊ လက်ပစ်ဗုံး (စနစ်တံမပါ) ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)နှင့် PKU Thurein အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *