Monywa News

0 0
Read Time:2 Minute, 25 Second

မုံရွာမြို့နယ်၊တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၂

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရါာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ဧပြီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်မှ ညနေ ၄ နာရီအထိ မုံရွာမြို့နယ် တောပု ကျေးရွာ အတွင်းရှိ ပျူစောထီးစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် “Air Bomb” ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး‌သေ ဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိကာ ကား ၃ စီးဖြင့် မုံရွာ နမခတပ်အတွင်းသို့ သယ်ဆောင်သွား ကြောင်း ထို့အပြင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများနေထိုင်ရာ အဆောက်အအုံ ၃ လုံးလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

 

“သေတာက စစ်ခွေးရယ်၊ ပျူရယ်၊ သေတာ၊ နေအိမ်တွေလည်း ပြာကျသွားတယ်၊ မုံရွာပို့လိုက်တဲ့ ဒဏ်ရာရသူတွေထဲကလည်း ထပ်တိုးသေနိုင်တာရှိတယ်၊ စစ်ခွေးတွေ အထိအခိုက်များတော့ လက်နက်ကြီးတွေနဲ့ တော်တော်ပြန်ပစ်တယ်။ တစ်လုံးဆိုရင် ရဲဘော်တွေနား ကပ်ကျတာ။ အထိ အခိုက်တော့ မရှိပါဘူး” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့-MSPDF/MSDFနှင့် ညီ နောင်မဟာမိတ်တပ်ဖွဲများ ဖြစ်ကြသော စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE (UHF) ၊ SHINING STARS ၊ Meikhtila Special Force နှင့် မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း-NRDF တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *