Ywangan News

0 0
Read Time:2 Minute, 5 Second

ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး ကို အရှင်ဖမ်းမိကာ လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦးနှင့် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း  Ywangan PDF – JPRF ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို Ywangan PDF – JPRF တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထက် မနည်း သေဆုံးပြီး ဒု-တပ်ကြပ်တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် AK-47 သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်နှင့် ကျည်ဆံ အတောင့် ၃၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး Ywangan PDF – JPRF မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

“မြင်ကျဒိုးစခန်း တစ်ခုလုံးကျသွားနိုင်တယ်။ ပင်းတယ မြို့ပေါ်က ရဲတွေ ပျူတွေအကုန် ရွာငံဘက် အကူထွက်သွားတယ်” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မြင်းကျဒိုးရဲစခန်း တောင်ဘက်ရှိ ကျုံးစစ်ဆေးရေးဂိတ်မှ အကြမ်း ဖက်စစ်သားများက ခရီး သွားပြည်သူများကို ကားပေါ်မှ အကုန်ဆင်းခိုင်းကာ ဖုန်းများကို စစ်ဆေး ရှာဖွေမှုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

 

မြင်းကျဒိုးကျေးရွာရဲစခန်းသည် တောင်ကြီး-မန္တလေးကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အကြမ်း ဖက် စစ်ကောင်စီတပ် ထောက်ခံသည့် ပျူများ ကြီးစိုးသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *