UN News

0 0
Read Time:9 Minute, 49 Second

ကုလသမဂ္ဂ ငွေလုံးငွေရင်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (UNCDF) အစီရင်ခံစာသစ်သည် အလွန်ပင် တာဝန်မဲ့လွန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းရုန်းကန်နေသည့် မြန်မာလူထု၏ အားထုတ် မှုကို ထိခိုက်စေကြောင်း Justice For Myanmar ထုတ်ပြန်

 

D Day News

ဧပြီလ ၂၁

 

ကုလသမဂ္ဂ ငွေလုံးငွေရင်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (UNCDF) အစီရင်ခံစာသစ်သည် အလွန်ပင် တာဝန်မဲ့လွန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းရုန်းကန်နေသည့် မြန်မာလူထု၏ အားထုတ် မှုကို ထိခိုက်စေကြောင်း Justice For Myanmar ထုတ်ပြန်သည်။

 

ကုလသမဂ္ဂ ငွေလုံးငွေရင်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (UNCDF) သည် ၂၀၂၃ ခုနှစ် တတိယ သုံးလ ပတ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံအတွင်း စျေးကွက်ဦးဆောင်နေသူများ၏ စစ်တမ်းအပေါ် အခြေ ခံ၍ “မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဆိုင်ရာ ရှုထောင့်များ” ဆိုသည့်အစီရင်ခံစာသစ် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထုတ်ပြန်ခဲ့သော UNCDF ၏ စစ်တမ်းတွင် “မူဝါဒ၊ စည်းမျဉ်း၊ ဒစ်ဂျစ်တယ်အခြေခံအဆောက် အအုံ၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုနှင့် ကျွမ်းကျင်မှုများ” ကို ဦးတည်ထားပြီး စစ်အုပ်စုကို မြန်မာ နိုင်ငံ၏ အစိုးရသဖွယ် တရားဝင်လာစေရေးအတွက် ထုတ်ပြန် ခဲ့ဟန် တူကြောင်း၊ အစီရင်ခံစာတွင် “အစိုးရ” ဟု ဖော်ပြမထားသော်လည်း UNCDF အနေနှင့် စစ်တပ် ကို ရည်ညွှန်ခြင်းဖြစ်သည်ဟု Justice For Myanmar က ကောက်ချက်ချထားသည်။

 

UNCDF သည် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည် ပတ် နေခြင်းဖြစ်ပြီး စစ် အုပ်စုသည်လည်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဥပဒေပြုသူအဖြစ် တရားမဝင် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း သိရသည်။

 

အစီရင်ခံစာသည် အီလက်ထရွန်နစ်စောင့်ကြည့်ခြင်းနှင့် အစုလိုက်အပြုံလိုက် ဆင်ဆာဖြတ်တောက် ခြင်း များဖြင့် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေမှုများ အပါအဝင် စစ် အုပ်စု၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုနှင့် ပြည်သူများအပေါ် အကြီးအကျယ် အကြမ်းဖက် ဖိနှိပ် နေမှုများနှင့် သက်ဆိုင်သည့် ဆက်စပ်အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက် ခဲ့သည့်အပြင် အင်တာနက် ပိတ်ပင်ထားခြင်းများအပေါ် တစ်ကြိမ်သာဖော်ပြထားပြီး၊ “လူ့အခွင့် အရေး” နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

 

ကုမ္ပဏီများအနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်မှုအားလုံး ရှောင်ရှားရန်နှင့် မြန်မာနိုင်ငံရင်း နှီး မြှုပ်နှံမှုကော်မရှင်ထံသို့ အဆိုပြုလွှာအသစ်များ မတင်ရန်အတွက် တရားဝင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က လမ်းညွှန်ချက်များ ချမှတ်ထားပြီးဖြစ်သော်လည်း UNCDF သည် လက်တွေ့ တွင် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရန်နှင့် စစ်အုပ်စုနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် တွန်းအားပေးချင်နေပုံရသည်ဟု ဆိုသည်။

 

UNCDF သည် စစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး ကြိုးပမ်းမှုများကို အထောက်အပံ့ ဖြစ်စေ နိုင်သော စီးပွားရေးလုပ်ငန်းများ၏ ဆိုးရွားပြင်းထန်သော ဘေးအန္တရာယ်ကို ထုတ်ဖော် ပြောဆိုရန်၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများအောက်ရှိ စီးပွားရေး လုပ်ငန်း များ၏ တာဝန်ဝတ္တရားများကို ဖော်ပြရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ကို ထုတ်ဖော်ရန်၊ လျော့ပါးစေရန်နှင့် ပြန်လည်ကုစားပေးရန် တို့ကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း Justice For Myanmar ကပြောဆိုသည်။

 

အစီရင်ခံစာတွင် “ရှုပ်ထွေးသော စီးပွားရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ” နှင့် “နိုင်ငံရေးနှင့် လူမှုရေး မငြိမ်သက်မှုများ၊ မတည်ငြိမ်မှုများ” စသည်တို့ကို ဖော်ပြထားသော်လည်း၊ တရားမဝင် စစ်အုပ်စုသည် မြန်မာနိုင်ငံ အကျပ်အတည်းများ၏ မူလဇစ်မြစ် ဆိုသည့် နောက်ခံအကြောင်း ရင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

 

UNCDF နှင့် မြန်မာနိုင်ငံအခြေပြု ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြန်မာ့အကျပ်အတည်း၏ မူလဇစ်မြစ်ဖြစ်သည့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုများမှ ပြစ်ဒဏ် ဆက်လက်ကင်းလွတ်နေမှုများအပေါ် ထုတ်ဖော်ပြောဆိုသင့်ပြီး ယခု UNCDF အစီရင်ခံစာသည် အလွန်ပင် တာဝန်မဲ့လွန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းရုန်းကန်နေသည့် မြန်မာလူထု၏ အားထုတ်မှုကို ထိခိုက်စေကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

 

Justice For Myanmar သည် အစီရင်ခံစာတွင် ဆိုလိုသော “အစိုးရ” ဟူသည့် အဓိပ္ပာယ်ကို အမြန် ဆုံး ရှင်းလင်းပေးရန်နှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများနှင့် NUG ၏ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်လက်လုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများ ဆိုင် ရာ မဏ္ဍိုင်သုံးရပ်အခြေပြုမူဘောင်နှင့် ကိုက်ညီမှုရှိသည့် မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ် စီး ပွားရေး ဆိုင်ရာ လမ်းညွှန်ချက်အား ထုတ်ပြန်ရန် UNCDF အား တောင်းဆိုထားသည်။

 

UNCDF အနေဖြင့် ၎င်း၏ တာဝန်မဲ့ပြီး အန္တရာယ်ရှိသော လုပ်ရပ်များအပေါ် စိုးရိမ်နေမှုများအား တုံ့ပြန်ဆောင်ရွက်ပေးစေရန်နှင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို မထောက်ပံ့စေရန်တို့အတွက် သေချာကြပ်မတ်စေရေး UNCDF မြန်မာအလှူရှင်များ၊ Australian Aid၊ UK Aid၊ LIFT၊ PACT နှင့် Bill and Melinda Gates ဖောင်ဒေးရှင်းတို့ကို တိုက်တွန်းထားသည်။

 

UNCDF အစီရင်ခံစာက ဘာပြောသလဲ?

 

“အစိုးရ၊ မူဝါဒများနှင့် ဒစ်ဂျစ်တယ်ဂေဟစနစ်” အောက်တွင်၊ UNCDF သည် “ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရာတွင် တည်ဆဲအစိုးရ မူဝါဒများနှင့် စည်းမျဉ်းများ” ၏ ထိရောက်မှုဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့သည်။

 

အစီရင်ခံစာမှ စစ်တမ်းဖြေဆိုမှုအများစုတွင် “အစိုးရ” မူဝါဒအပေါ် “အလယ်အလတ်မှသည် အဆင့် နိမ့် အထိ သတ်မှတ်မှုများ” ပေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုအတွက် မူဝါဒမြှင့်တင်ရန် အရေးတကြီး တောင်းဆို မှုများ အပါအဝင် မူဝါဒနယ်ပယ်များတွင် အဓိကအားစိုက်ရန်နှင့် မူဝါဒပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ရန် လိုအပ်နေသည်” ဆိုသည့် အချက်ကို UNCDF က တွေ့ရှိသုံးသပ်သည်။

 

“ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ” အောက်တွင်၊ UNCDF သည် ဇီဝအချက်အလက်ဒစ်ဂျစ်တယ် အထောက်အထားမူဘောင်များနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအပါအဝင် အစိတ်အပိုင်းအများ အပြားကို ထည့်သွင်းစဉ်းစားခဲ့သည်။ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ အရည်အ သွေးအပေါ် စစ်တမ်း၏ အဆင့်သတ်မှတ်မှု နိမ့်ကျရခြင်း၏ သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာရာတွင် UNCDF က ရလဒ်များသည် ရင်းနှီးမြှုပ်နှံမှုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် နားလည်ရန် အရေးတကြီး လို အပ် ကြောင်း အလေးပေးဖော်ပြပြီး ချိပ်ဆက်နိုင်မှုများ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် စီစစ် သတ် မှတ်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများ”တွင် သိသာထင်ရှားသော အားနည်း ချို့ယွင်းချက်များ ကို ဖြေရှင်းရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ နှစ်ခုလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း အလေးပေး ဖော်ပြထားသည်။

 

မြန်မာပြည်သူလူထုအတွက် ကြီးမားသော ကိုယ်ရေးကိုယ်တာချိုးဖောက်ခံရမှုနှင့်လုံခြုံရေး အန္တရာယ် များကို ဖြစ်ပေါ်စေသည့် ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်များတွင် “ပိုမိုတည်ငြိမ်ပြီး ယုံကြည် စိတ်ချရ သော သက်သေခံစနစ်တစ်ခု လိုအပ်နေကြောင်း ရလဒ်များက ညွှန်ပြနေသည်” ဟု UNCDF က ရေး သားဖော်ပြခဲ့သည်။

 

ဒစ်ဂျစ်တယ်စီးပွားရေး ကျွမ်းကျင်မှုရှိစေရေးများနှင့် ပတ်သက်၍ “ပညာရေးအဖွဲ့အစည်းများ၊ စက်မှု လုပ်ငန်းနှင့်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုများက အရေးကြီးကြောင်း” UNCDF က ကောက်ချက် ချထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *