Tadaoo News

0 0
Read Time:1 Minute, 28 Second

တံတားဦးလေတပ်မှ ကင်းပတ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး စစ်ကား ဖင် ထောင်သွား (ရုပ်သံ)

 

D Day News

ဧပြီလ ၂၁

 

မန္တလေးတိုင်း၊ တံတားဦဂမြို့နယ်၊ တံတားဦးလေတပ် လုံခြုံရေး ပတ်ကင်း စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကား ဖင်ထောင်သွားပြီး ကားပေါ်ပါ စစ်သား ၄ ဦးသေဆုံးပြီး Kyaukse Revolution Army (KRA) ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ် လုံခြုံရေးအတွက် ပတ်ကင်းပြုလုပ်နေသော အကြမ်းဖက်စစ်သား ၈ ဦးခန့် လိုက်ပါလာသည့် DC ကား ၁ စီးကို ခရိုင် ပတ်လမ်းတနေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ဖင်ထောင်သွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ အနေနဲ့ လမ်းမှာ စခတွေရဲ့ ကားတွေနောက် ကပ်မလိုက်ဖို့နဲ့ စခတွေနဲ့ မပတ်သတ်ဖို့ အသိပေးချင်ပါတယ်” ဟု Kyaukse Revolution Army (KRA) ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်လင်း က ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Kyaukse Revolution Army (KRA) ၊ Kyaukse District Defense Force (KDDF) နှင့် စဥ့်ကိုင်မြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day  News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *