Monywa News

0 0
Read Time:3 Minute, 1 Second

မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို ရော့ကတ် အလုံး ၈၀ ကျော်ပစ်ခတ်တိုက်ခိုက်မှု ပျူစော ထီး ၃ ဦးသေဆုံး

D Day News

ဧပြီလ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို ရော့ကတ်လက်နက်ကြီး အလုံး ၈၀ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

ဧပြီလ ၁၉ ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ထုတ်လုပ်ထားသော ၂ မိုင် ပစ် ရော့ကတ် အလုံး ၅၀ နှင့် ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းမှ ထုတ်လုပ်ထားသော ၁ မိုင်ခွဲ ပစ် ရော့ကတ် အလုံး ၃၀ တို့ ရှေ့ပွိုင့် ၂ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်ခဲ့သည့် ရော့ကတ် အလုံး ၈၀ တွင် ၅၃ လုံးမှာ ပစ်မှတ်နေရာများကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ထပ်တိုးသေတာတော့မသိရသေးပါဘူး၊ ဒဏ်ရာရတဲ့သူတွေကိုတော့ မုံရွာမြို့ကို ကားတွေနဲ့ သယ် သွားပါတယ်။” ဟု မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ထိမှန်ပေါက်ကွဲမှုများကြောင့် ပျူစောထီး ခေါင်းဆောင်အိမ်အပါအဝင် အိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဒိုင်နာ ၂ စီး၊ အံစာတုံး ၁ စီးဖြင့် မုံရွာမြို့သို့ သယ်ယူသွား ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း မအူဂိတ်ရှိ အကြမ်းဖက်စစ်သားများက ၈၁ မမ လက်နက်ကြီးဖြင့် ၃ လုံး ပြန်လည် ပစ်ခတ်ခဲ့ရာ ၁ လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနီး မီတာ ၂၀၀ ခန့်အကွာ ကျရောက်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Guerilla Force (SGF)monywa၊ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) တပ်ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ –Monywa The Boys၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၁ Spring Dove ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/ Teachers People Defence Force၊ မုံရွာခရိုင်တပ်ရင်း ၃ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆)နှင့် မုံရွာ ခရိုင် တပ်ရင်း ၅တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *