ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၅၀ ကျော် သေ ဆုံး၊ သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ၃ စီးဖြင့် သယ်ယူ
D Day News
ဧပြီလ ၂၀
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အ ကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ဖြင့် ၃ စီးဖြင့် သယ်ယူသွားကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်သည်။
ဧပြီလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်စတင်၍ ရေတာရှည်မြို့နယ်၊ မြောင်းတူးကျေးရွာမှ တ ဆင့် ဆွာရွာမကြီးကျေးရွာနှင့် ကျိတ်ပုတီး၊ ခင်တန်းကျေးရွာတို့ ဘက်သို့ စစ်ကြောင်းထိုး၀င်ရောက် လာသော အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲဝန်းကျင်အထိ တစ်ကြိမ်၊ ည ၆ နာရီခွဲ မှ ၇နာရီ အထိ တစ်ကြိမ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖောကား ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ထို့ အပြင် ညပိုင်းတွင် သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဖောကား ၁ စီးဖြင့်ထပ်မံ သယ် ဆောင် သွားသည့်အပြင် အလောင်းအချို့ကို စစ်တောင်းမြစ် အရှေ့ ဘက်ကမ်း၌ မြေမြှုပ် သင်္ဂြုလ်ထားခဲ့ ကြောင်း၊ တိုက်ပွဲ ၂ ကြိမ်အတွင်း စုစုပေါင်း စစ်သား ၅၀ ခန့်သေဆုံးသွားကြောင်း သိရသည်။
အထိနာ သော အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တနေကုန်နီးပါး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက် စီးမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် စစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုဝါနီစစ်ကြောင်းမှ ရဲဘော်ရဲရင့်သူ၊ ကီးကူ စစ်ကြောင်းမှ ရဲဘော်ဆိုလာ နေပြည်တော် တပ်ရင်း ၉၀၁ မှ ရဲဘော်သရဲ နှင့် နေပြည်တော် တပ်ရင်း ၉၀၁ မှ တပ်ခွဲမှူးတို့ တိုင်းပြည်နှင့် ဖက်ဒရယ်ပြည် ထောင် စု အတွက် စုစုပေါင်း ၄ ဦး မြင့် မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း၊ ထိုအပြင် ရဲဘော် ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
D Day News