ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)
D Day News
ဧပြီလ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေး ရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ အများပြည်သူသွားလာရာလမ်းမများပေါ်နှင့် တောင်ယာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ပြည်သူများ ထိတ်လန့်ကြောက်ရွှံ့စွာနေထိုင် ကြရကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပအိုဝ်းဒေသကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက် ခိုက်ကာ နေ့စဉ်နှင့်အမျှ ဖျက်ဆီးလျက်ရှိပြီး ကလေးငယ်များအပါအဝင် ဒေသနေပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ ထို့အပြင် ပအိုဝ်းလူမျိုးတို့ အထွဋ်အမြတ်ထားသည့် ဘာသာရေး အဆောက် အဦးများလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
D Day News