Hpakant News

0 0
Read Time:2 Minute, 33 Second

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

 

D Day News

ဧပြီလ ၂၀

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်က ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နယ် မြေ နန့်ယား ကျေးရွား အနီးတဝှိုက်ရှိ ဆွတ်ကြိုင်မှော်(ခါချဉ်မှော်) ဘက်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အ ကြမ်းဖက် စစ်တပ်က Y12 လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ည နေ ၂ နာရီကျော်အချိန်တွင်လည်း အဆိုပါ‌ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရဟတ် ယာဉ် ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဗုံးတွေအများကြီးချသွားတော့ အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာ မမှတ်မိတော့ဘူး၊ ညနေ ၂ နာရီလောက်ကလည်း နန့်ယားကျေးရွာအနီးတဝိုက်ကို ရဟတ်ယာဉ်နဲ့လာပြီး ဗုံးလည်းကျဲသွား တယ်။ စက်သေနတ်တွေနဲ့လည်းပစ်သွားတာ၊ မနက်ရော ညနေရောဆိုရင် ၂ ခေါက်လုပ်သွားတာ ပေါ့။ ပြီးလို့ရှိရင် ဒီညနေပိုင်းမှာပဲ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအနီးမှာရှိတဲ့ KIA တပ်မဟာ ၂ ရင်း ၁၁ ဘက်ကိုလည်း တိုက်လေယာဉ်နဲ့လာပြီးတော့ ဗုံး ၁၄ ကြိမ်ကျဲသွားတယ်။” ဟု ဒေသနေပြည် သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ နန့်ယားကျေးရွာအနီးတဝိုက်ကို KIA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွား ခြင်း မရှိသော်လည်း အကြမ်းဖက်စစ်တပ်က ပြည်သူလူထုရှိရာနေရာကို အကြောင်းမဲ့ လေကြောင်း ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ ဧပြီလ ၁၉ ရက် ညနေပိုင်းက ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီး KIA တပ်မဟာ ၂ တပ်ရင်း ၁၁ ဒေသ ဘက်ကို တိုက်လေယာဉ်ဖြင့် ဗုံး ၁၄ ကြိမ် ကျဲချကာ ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *