UN News

0 0
Read Time:4 Minute, 27 Second

စစ်တပ်က အတင်းအကြပ်စစ်သားစုဆောင်းမှုကြောင့် လူငယ်များ အနာဂတ်ပျောက်ပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရမှုများ မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

 

D Day News

ဧပြီလ ၁၉

 

စစ်တပ်က အတင်းအကြပ် စစ်စသားစုဆောင်းမှုကြောင့် လူငယ်များ အနာဂတ်ပျောက်နေပြီး ပြည်ပ သို့ ထွက်ပြေးတိမ်းရှောင်နေရမှုများ မျက်ဝါးထင်ထင်တွေ့မြင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် တင်ပြခဲ့သည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်၊ စီးပွားရေးနှင့်လူမှုရေးကောင်စီအောက်၌ “၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်” နှင့် ဆက်စပ်အစည်း အဝေးများကျင်းပလျက်ရှိရာ ယင်းအစည်းအဝေးများအနက် ဧပြီလ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ် အချိန်က“Feeding the Future: Youth and Sustainable Food Systems for All” ခေါင်းစဉ်ဖြင့် FAO နှင့် သက်ဆိုင်ရာနယ်ပယ်မှ လူငယ်ကျွမ်းကျင်ပညာရှင်များ ပူးတွဲ ဦးဆောင် ကျင်းပပြုလုပ်သည့် မျက်နှာစုံညီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

 

မြန်မာပြည်သူများအနေဖြင့် စစ်တပ်မှ ကျူးလွန်သော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ဒုက္ခများစွာ ခံစားနေရသည့်အပြင် စိုက် ပျိုးရေးထုတ်ကုန်များနှင့် သွင်းကုန်ထုတ်ကုန် စီးဆင်းမှုမှာလည်း ပျက်ယွင်းခဲ့ကြောင်း၊ထို့အပြင် စစ် တပ်၏ တရားမဝင်သောအတင်းအကြပ်စစ်သားစုဆောင်းရေးကြောင့် ပြည်သူများ ကြုံတွေ့နေသည့် ဒုက္ခကို ပိုမိုဆိုးရွားစေကြောင်း၊ လူငယ်အချို့မှာ ပုန်းရှောင်နေရပြီး အချို့မှာ ပြည်ပနိုင်ငံများကို ထွက် ပြေးကြရကြောင်း ၎င်းက ပြောကြားသည်။

 

လူငယ်များအား အနာဂတ်မဲ့စေသည့် အခြေအနေဆိုး တစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး လူငယ်များသည် နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ လူ ငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့သင့်ပဲ  2030 Agenda ကို ဗဟိုပြုလျက် “မည်သူတစ်ဦး တစ်ယောက် ကိုမျှ မချန်လှပ်ရေး” မူနှင့်အညီ လိုအပ်သော ထိရောက်သောအရေးယူမှုများကို အလျင် အမြန် ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။

 

လူငယ်များသည် ပြောင်းလဲမှုများ ဖော်ဆောင်ရေးအတွက် အဓိကကျသော မောင်းနှင်အားများ ဖြစ် ပြီး မြန်မာနိုင်ငံအနေဖြင့် ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက် ချမှတ်ရေးအဆင့်တို့တွင် လူငယ်များ၏ ပါဝင်မှုကို ကြိုဆိုပါကြောင်း၊ မြင့်တက်လာသော ကဏ္ဍစုံ အကျပ်အတည်းများအတွက် ဆန်းသစ် တီထွင်မှုရှိသော ဖြေရှင်းနည်းများနှင့် လူငယ်များ၏ အတွေးအမြင်များအား ထည့်သွင်းအားဖြည့်နိုင် ရန် ၎င်းတို့အား မြေတောင်မြှောက်ပေးသည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ခိုင်မာ အားကောင်းစွာ တည်ဆောက်ပေးရေးက အဓိကကျကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် ဦးရေ ထက်ဝက်ကျော်မှာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် တွင် ကျရောက်နေပြီး ၁၂.၉ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေ ရကြောင်း၊ ၁၈.၆ သန်းသော ပြည်သူ များမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လို အပ်လျက် ရှိကြောင်း ၂၀၂၃ ခုနှစ်တွင် UNDP ၏ စာရင်းဇယားများအရ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *