Thandaung News

0 0
Read Time:1 Minute, 57 Second

သံတောင်မြို့နယ်၊ တောင်ငူ -လိပ်သို-သံတောင်လမ်းပိုင်းရှိ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၉

 

သံတောင်မြို့နယ်၊ တောင်ငူ -လိပ်သို -သံတောင်လမ်းပိုင်းပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung အဖွဲ့မှထံမှ သိရသည်။

 

ဧပြီလ ၁၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်ခန့်က သံတောင်မြို့နယ်၊ ပဲခူးတိုင်းနှင့် ကရင်ပြည် နယ် အစပ်ရှိ တောင်ငူ-လိပ်သို-သံတောင် လမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဖြစ်သည့် ကျောက်လုံးကြီးစခန်းရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါ ဖြင့်ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ငူ-သံတောင် လမ်းပိုင်းရှိ အ ကြမ်း ဖက် စစ်တပ်စခန်းတစ်ခုဖြစ်သည့် ၇ မိုင်စခန်းကုန်းကို ထပ်မံသွားရောက်ပြီး စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး တပ်ခွဲမှူး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို People Defence Force Thandaung (တောင်ငူခရိုင်တပ်မဟာ ၂ ၊ တပ်ရင်း ၅ လက်အောက်ခံ) အဖွဲ့၏ စနိုက်ပါ တပ်သားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *